“သူ့မိန်းမက ကျောင်းဆရာမပါ။ သူ့(ဗိုလ်ဖြစ်သူကို) မိပြီးတစ်ခါတည်းအမိန့်ချလိုက်တာ”အမြောက်တပ် ၃၄၄ ထဲ က မိသားစုဝင်တွေနဲ့ ရင်နှီးသူတဦးက ပြောပါတယ်။
၁၉၊သြဂုတ်။
ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ် ၊ အမြောက်တပ် ၃၄၄ ထဲမှာ ဗိုလ်အဆင့်ရှိသူတဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတာကြောင့် တပ်တွင်းစစ်ခုံ ရုံးက ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်တယ်လို့နီးစပ်သူတချို့ကပြောပါတယ်။
“သူ့မိန်းမက ကျောင်းဆရာမပါ။ သူ့(ဗိုလ်ဖြစ်သူကို) မိပြီးတစ်ခါတည်းအမိန့်ချလိုက်တာ”လို့ အမြောက် တပ် ၃၄၄ ထဲ က မိသားစုဝင်တွေနဲ့ ရင်နှီးသူတဦးက ပြောပါတယ်။ ဒီဖြစ်စဉ်က ဩဂုတ်လ ဒုတိယအပတ်ထဲမှာ ဖြစ်ပွားခဲ့တာလို့လည်း သူကဆက် ပြောပါတယ်။
ဒါပေမယ့်လည်း ဗိုလ်အဆင့်ရှိသူရဲ့ အမည်၊ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးပမာဏတွေနဲ့ ပတ်သက်လို့ကတော့ သတင်းအရင်းအမြစ်က ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင်အမြောက်တပ် ၃၄၄ ထဲမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိတာနဲ့ပတ်သက်လို့တရားဝင် ထုတ်ပြန်ထားတာမရှိသေးလို့DNAကသီးခြားအတည်ပြုဖို့ကြိုးပမ်းနေဆဲပါ။
အမြောက်တပ် ၃၄၄ ဆိုတာက ငသိုင်းချောင်း – ဂွ လမ်းပိုင်းမှာ တည်ရှိပါတယ်။ ရေနံသာစစ်ဆေးရေး ဂိတ်နဲ့ ဗေဒါစစ်ဆေးရေးဂိတ်အကြားမှာတည်ရှိတဲ့ အမြောက်တပ် ၃၄၄ ကို အာရက္ခတပ်တော် AA ပူး ပေါင်းတပ်က ၂၀၂၅ ခုနှစ် နွေရာသီကစတင်ပြီး ထိုးစစ်ဆင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ အာရက္ခတပ်တော် AA ပူး ပေါင်းတပ်က အမြောက်တပ် ၃၄၄ ပတ်လည်က ကာကင်းအချို့ကို သိမ်းပိုက်ထားတယ်လို့လည်းဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် စစ်တပ်ကလည်း ငသိုင်းချောင်း – ဂွ လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ အမြောက်တပ် ၃၄၄ ထဲကို လစဉ်ပုံမှန် စစ်အင် အားဖြည့်တင်းပြီး တိုက်ခိုက်နေပါတယ်။