“စစ်မှုထမ်းကြေးဆိုရင်လည်း ပတ်ဝန်းကျင်က ရွာတွေထက်ကို မင်းလေး(အုပ်ချုပ်ရေးမှူး)က ပိုတောင်းတယ်။ ပြီးရင် တိုင်ချင်ရာသွားတိုင်လို့လည်း သူကပြောသေးတာ။ စစ်မှုထမ်းမဲပေါက်တယ်ဆိုပြီး မလိုက်ရအောင် သိန်း ၇၀ တောင်းတဲ့ဖြစ်စဉ်လည်းရှိခဲ့သေးတယ်”လို့ ဒေသခံကပြောပါတယ်။
၁၆၊ဩဂုတ်လ။
ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ် ၊ လက်သမားကျေးရွာအုပ်ချုပ်ရေးမှူးကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က လာဘ်စားမှု၊ အခွင့်အာဏာအလွဲသုံးစား ပြုလုပ်မှုတွေနဲ့ ခေါ်ယူစစ်ဆေးနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လ ဒုတိယအပတ်မှာကျေးရွာ အုပ်ချုပ်ရေးမှူးမင်းလေးကို မြို့နယ်အုပ်ရေးအဖွဲ့က ခေါ်ယူစစ်ဆေးခဲ့တာပါ။
“ဓာတ်သိ အချင်းချင်းတိုင်လို့ ခေါ်စစ်တာ။ စစ်တာကလည်း မြို့နယ်မဟုတ်ဘူး။ ကြိုးကြာကွင်းဆိုတဲ့ရွာမှာ ခေါ်စစ်တာ”လို့ ဒေသခံကပြောပါတယ်။
မင်းလေးဟာ ကျေးရွာအုပ်ရေးမှူး မလုပ်ခင်က ရဲဝန်ထမ်းအဖြစ်လုပ်ဆောင်စဉ် ရာထူးပြုတ်ခဲ့သူပါ။ အဲဒီ နောက်မှာတော့ သူဟာ လက်သမားကျေးရွာမှာ အရက်ပုန်းရောင်းချပြီး နေထိုင်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။
“အုပ်ကြီးလည်းဖြစ်ရော တိုက်ကြီးမှ အကြီးကြီး ၊ ဂိုထောင်ကလည်း အကြီးကြီး ၊ ကားတွေ ၊ ဆိုင်ကယ် တွေက အကောင်းစားတွေ ၊ မိန်းမဆိုလည်း ရွှေကိုသီးနေတာပဲ”လို့ လက်သမားကျေးရွာမှာနေထိုင်သူ ကပြောပါတယ်။
ဒါ့အပြင် မင်းလေးက အထက်လူကြီးတွေကို ပိုင်တယ်ဆိုတဲ့အနေအထားနဲ့ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်တဲ့ဖြစ်စဉ်တွေလည်း များစွာရှိခဲ့ပါတယ်။ ဇူလိုင်လထဲမှာ မင်းလေးက သူမသိဘဲ နေ အိမ်ကိုစွန့်ခွာပြီး ရွာသားတွေထွက်သွားခဲ့မယ်ဆိုရင် အိမ်ကို ချိတ်ပိတ်ပစ်မယ်လို့ စစ်မှုထမ်းနဲ့သက်ဆိုင် တဲ့ အစည်းအဝေးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။
“စစ်မှုထမ်းကြေးဆိုရင်လည်း ပတ်ဝန်းကျင်က ရွာတွေထက်ကို မင်းလေးက ပိုတောင်းတယ်။ ပြီးရင် တိုင်ချင်ရာသွားတိုင်လို့လည်း သူကပြောသေးတာ။ စစ်မှုထမ်းမဲပေါက်တယ်ဆိုပြီး မလိုက်ရအောင် သိန်း ၇၀ တောင်းတဲ့ဖြစ်စဉ်လည်းရှိခဲ့သေးတယ်” လို့ ဒေသခံကပြောပါတယ်။
လက်ရှိအချိန်မှာတော့ မင်းလေးဟာ လိုင်စင်မဲ့ကားစီးနင်းမှုအပြင် လာဘ်စားမှု ၊ အခွင့်အာဏာအလွဲ သုံးစားပြုလုပ်မှုတွေကြောင့် ရာထူးကပြုတ်ဖို့ သေချာသလောက်ရှိနေတာပါ၊ ဒါကြောင့်အုပ်ချုပ် ရေးမှူးအသစ်ရွေးချယ်ဖို့ကိုလည်း ကျေးရွာအတွင်းမှာ သတင်းစကားပြန့်နှံ့နေတယ်လို့ဒေသခံတွေကဆိုပါတယ်။
လက်သမားကျေးရွာဆိုတာက လေးမျက်နှာမြို့နယ် ၊ အိုင်သပြုတိုက်နယ်ရွာနဲ့ ကပ်လျပ်တည်ရှိတာပါ။တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာတွေနဲ့ ငဝန်မြစ် တဖက် ကမ်းမှာ ရှိနေပြီး ၇ မိုင်လောက်သာ ကွာဝေးပါတယ်။ တိုက်ပွဲနဲ့ နီးကပ်နေတဲ့ ဒီကျေးရွာမှာ စစ်မှု ထမ်းစုဆောင်းမှုတွေလည်း ရှိနေတာကြောင့် ဒေသခံအချို့ဟာ နေအိမ်တွေကို စွန့်ခွာနေကြပါတယ်။
အိုင်သပြုတိုက်နယ်ထဲမှာတော့ မင်းလေးရဲ့သတင်း ပေးမှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ အရပ်သားပြည်သူတွေ ရှိသလို ၊ ထွက်ပြေးတိမ်းရှောင်နေသူတွေလည်း ရှိနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။