“အထက်လူကြီးတွေကိုတော့ PDF တွေနဲ့ မပတ်သက်ဖို့ ဝန်ခံလက်မှတ်တွေထိုးခိုင်းတာ ၊ ဝန်ထမ်းဥပဒေ အရ အရေးယူနိုင်တဲ့အကြောင်းအရာတွေ ရှင်းပြတာ ရှိတယ်လို့ သိရတယ်” လို့ လေးမျက်နှာမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းက ပြောပါတယ်။
၄၊ဇူလိုင်လ။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ လေးမျက်နှာမြို့နယ်နဲ့ ကျုံပျော် မြို့နယ် ခရီးစဉ်မှာ ဌာနဆိုင်ရာအသီးသီးရဲ့ ဦးစီးအရာရှိတွေ ကတဆင့် အောက်ခြေဝန်ထမ်းတွေကို NUG နဲ့ PDF အပါအဝင် တော်လှန်ရေးအင်အားစုကို မထောက်ပံ့ ၊ မပတ်သက်ဖို့ ပြောဆိုခဲ့ပါတယ်။
“ဌာနအလိုက် အောက်ခြေဝန်ထမ်းတွေကို ဦးစီးအရာရှိတွေက PDF တွေကို မထောက်ပံ့ဖို့ ၊ မဆက်ဆံဖို့ ပြောတာတော့ရှိပါတယ်” လို့ ကျုံပျော်မြို့နယ် စိုက်ဘဏ်ဌာနက ဝန်ထမ်းတဦးက ပြောပါတယ်။ ဒီလို မျိုးပြောဆိုတဲ့နေရာမှာ NUG နဲ့ PDF အပါအဝင် တော်လှန်ရေးအင်အားစုကိုတွေဟာ အကြမ်းဖက် အဖွဲ့အစည်းတွေ အဖြစ်သုံးနှုန်းခဲ့တယ်လို့လည်း လေးမျက်နှာမြို့နယ်က ဌာနဆိုင်ရာဝန်ထမ်းတဦးက အတည်ပြုပေးပါတယ်။
ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နဲ့ အဖွဲ့ဟာ ဧရာဝတီတိုင်းက တိုက်ပွဲတွေဖြစ်ပွားနေတဲ့ လေးမျက်နှာမြို့နယ်ကို ဇွန် လ ၂၅ ရက်က သွားရောက်ခဲ့ပြီးတော့ လက်နက်ကြီးတွေပြောင်းရွှေ့ တပ်ဆင်ထားတဲ့ ကျုံပျော်မြို့နယ်ကို ဇွန်လ ၂၆ ရက်က သွားရောက်ခဲ့တာပါ။
“အထက်လူကြီးတွေကိုတော့ PDF တွေနဲ့ မပတ်သက်ဖို့ ဝန်ခံလက်မှတ်တွေထိုးခိုင်းတာ ၊ ဝန်ထမ်းဥပဒေ အရ အရေးယူနိုင်တဲ့အကြောင်းအရာတွေ ရှင်းပြတာ ရှိတယ်လို့ သိရတယ်” လို့ လေးမျက်နှာမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းက ပြောပါတယ်။
လေးမျက်နှာမြို့နယ်ထဲမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်တပ်ဟာ ပုသိမ် – မုံရွာကားလမ်းမကြီး အနီးဝန်းကျင်က ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီ ဦးဆောင်လုပ်မယ့် ရွေးကောက်ပွဲ ကာလအမီ နယ်မြေစိုးမိုးမှု ပြန်ရဖို့ စစ်တပ်ဘက်က အပြင်းအထန် ကြိုးစားနေပြီး အင်အား ဖြည့်တင်းမှုတွေလည်း လုပ်နေပါတယ်။ ဧရာဝတီတိုင်းဝန်ကြီးချုပ် သွားရောက်ခဲ့တဲ့ လေးမျက်နှာမြို့ဟာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ပန်းတောကြီး ပုသိမ်၊မုံရွာလမ်းဆုံနဲ့ ၈ မိုင်ကျော်သာ ကွာဝေးတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဲဒီ လေးမျက်နှာ ခရီးစဉ်မှာ နေရပ်ကိုစွန့်ခွာလာရတဲ့ ကလေးငယ်တွေရဲ့ ပညာရေးကို အဆင်ပြေအောင် လုပ်ဆောင်ပေးဖို့ ညွှန်ကြားခဲ့ပေမယ့် လက်တွေ့မှာ စစ်တပ်က ကျေးရွာတွေမှာ ရှိတဲ့ အမျိုးသားတွေကို စစ်မှုထမ်းဖို့ အတင်းအဓမ္မ ဖမ်းခေါ်နေတဲ့အတွက် မိသားစုလိုက် ရွာကထွက်ပြေးတိမ်းရှောင်နေကြရပြီး ကလေးငယ်တွေပါ ကျောင်းဆက်မတက်နိုင်တော့တဲ့ အခြေအနေတွေ ရှိနေပါတယ်။(သတင်းလင့်……)