ကျောင်းသားမိဘတစ်ချို့ကတော့ တိုက်ပွဲတွေနီးလာတာကြောင့် ကလေးတွေကို လူသားဒိုင်းပြုလုပ်မှာ စိုးရိမ် တယ်လို့ ပြောဆိုပါတယ်။
၂၅၊ဇွန်။
ဧရာဝတီတိုင်းထဲမှာ တိုက်ပွဲတွေနဲ့ အနီးဆုံးမြို့ဖြစ်တဲ့ ငသိုင်းချောင်းမြို့ပေါ်က အခြေခံပညာ စာသင် ကျောင်းတွေကို စစ်ကောင်စီက ကျောင်းတက်ချိန်တိုးမြင့်သက်မှတ်လိုက်ပါတယ်။
ဇွန်လ ၁၇ ရက်ကစတင်ပြီးတော့ ညနေကျောင်းဆင်းချိန်ကို ၃ နာရီက ၃ နာရီ ၄၅ မိနစ်အထိ တိုးမြှင့် ပြောင်းလဲလိုက်တာဖြစ်တယ်လို့ ငသိုင်းချောင်းမြို့ပေါ်က ကျောင်းသားမိဘတွေက ပြောပါတယ်။ ဒါပေ မယ့်လည်း ကျောင်းတက်ချိန်ကတော့ ပုံမှန်အတိုင်း နံနက် ၉ နာရီလိုပဲ သက်မှတ်ထားပါတယ်။
“အိမ်နဲ့ကျောင်းနဲ့ နီးတဲ့လူတွေအတွက် အရေးသိပ်မကြီးဘူးထင်ရပေမယ့် အိမ်နဲ့ကျောင်းနဲ့ဝေးတဲ့ က လေးတွေပြန်ချိန်နောက်ကျတာ မိဘတွေစိတ်ပူရတာပဲ” လို့ ကျောင်းသားမိဘ တစ်ဦးကပြောပါတယ်။ င သိုင်းချောင်းမြို့ပေါ်က ကျောင်းတွေကို မြို့ပတ်ဝန်းကျင် ကျေးရွာတွေဆီကနေ လာရောက်ကျောင်းတက် တဲ့ ကလေးတွေရှိနေပါတယ်။
ကျောင်းသားမိဘတစ်ချို့ကတော့ တိုက်ပွဲတွေနီးလာတာကြောင့် ကလေးတွေကို လူသားဒိုင်းပြုလုပ်မှာ စိုးရိမ် တယ်လို့ ပြောဆိုပါတယ်။ ငသိုင်းချောင်းမြို့ပေါ်က ကျောင်းတွေမှာ ကျောင်းဆင်းချိန်ပြောင်းလဲပေမယ့် လည်း ငသိုင်းချောင်းမြို့ရဲ့ အုပ်ချုပ်ရေးမြို့ဖြစ်တဲ့ ရေကြည်မြို့ပေါ်မှာ ကျောင်းတက် ၊ ကျောင်းဆင်း ချိန်တွေဟာ အပြောင်းအလဲမရှိသေးပါဘူး။
ငသိုင်းချောင်းမြို့ထက် ပိုပြီးတိုက်ပွဲတွေနဲ့နီးတဲ့ အမြောက်တပ် ၃၄၄ နားက စာသင်ကျောင်းတွေမှာတော့ ကျောင်းဆင်းချိန်ကို ညနေ ၃ နာရီခွဲ ပြောင်းလဲသက်မှတ်မယ်လို့ ဆရာ ၊ ဆရာမတွေက ကျောင်းသားမိ ဘတွေကို အသိပေးထားပါတယ်။
ဒါပေမယ့်လည်း ယနေ့အချိန်အထိတော့ ကျောင်းဆင်းချိန်ကို မပြောင်းလဲဘဲ ညနေ ၃ နာရီမှာ ကျောင်း ဆင်းပေးနေတယ်လို့ အမြောက်တပ် ၃၄၄ အနီးမှာနေထိုင်တဲ့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။ တိုက်ပွဲတွေဟာ ငသိုင်းချောင်းမြို့နဲ့ဆိုရင် ၁၅ မိုင်ဝန်းကျင်မှာ ဖြစ်ပွားနေတာပါ။