အောက်တိုဘာ၊ ၁၅
စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ဟာ အဲ့ဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဖမ်းမိသုံ့ပန်းတွေကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ပငလည်ဘူးမြို့သိမ်းတိုက်ပွဲအပြီး တပတ်အကြာ အောက်တိုဘာ ၁၀ရက်မှာ NUG ကာကွယ်ရေးဝန်ကြီးက အဲ့ဒီ မြို့ကိုသွားရောက်ခဲ့တာဖြစ်ပြီး မြို့တွင်းကိုလည်း ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါ တယ်။
ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်တို့အပြင် MDY-PDF စစ်ရေးလှုပ်ရှားရာ ရှေ့တန်းစစ်မြေပြင်တွေနဲ့ သိမ်းပိုက် ဒေသ တချို့ဆီကိုလည်း မြေပြင်ကွင်းဆင်းခဲ့ဖူးတဲ့ NUG ကာကွယ်ရေးဝန်ကြီးဟာ အခုမတိုင်မီကလည်း စစ် ကိုင်းတိုင်း အတွင်း စိုးမိုးဒေသတချို့ဆီသွားရောက်ခဲ့ဖူးပါတယ်။
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဟာ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသလက်အောက်ခံ PDF တွေနဲ့ ပကဖ၊ပလဖ တွေပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့မြို့ဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ် ပြန်ထားပါတယ်။
ကောလင်း၊ဝန်သို၊ဗန်းမောက်၊ဖောင်းပြင်မြို့တွေနဲ့ဆက်စပ်နေပြီး ဧရာဝတီမြစ်ဝှမ်းနဲ့ ချင်းတွင်းမြစ်ဝှမ်းဆက်သွယ် တဲ့လမ်းကြောင်းပေါ်က မဟာဗျူဟာကျတဲ့ အဲ့ဒီမြို့ကိသိမ်းပိုက်နိုင်ခဲ့တာဟာ ရန်သူတပ်ရဲ့ အရေးပါတဲ့ ခံစစ်လိုင်း တခုကို ချိုးဖျက်နိုင်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ကြွေးကြော်ထားပါတယ်။
သုံးနှစ်တာကာလအတွင်း ငါးကြိမ်မြောက်အဖြစ် ထိုးစစ်ဆင်ခဲ့တဲ့ နှစ်လနီးပါးကြာအခုတကြိမ် ပင်လည်ဘူး မြို့ သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇၀လောက်သေဆုံးကာ ၂၇၅ဦးပျောက်ဆုံးနေပြီး ၂၂၅ဦးဒဏ်ရာရခဲ့ တယ်လို့ အဲ့ဒီဝန်ကြီးဌာနရဲ့အချက်အလက်တွေကဆိုပါတယ်။
ဒါ့အပြင်တိုက်ပွဲကာလအတွင်း အလင်းဝင်သူ ၄၈ဦးနဲ့ လက်နက်ချသူလည်း တရာကျော်ရှိခဲ့ပြီး လက်နက်မျိုးစုံ လေးရာကျော်အပါအဝင် ခဲယမ်းအများအပြားရရှိခဲ့တဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဟာ လက်ရှိကာလတလျှောက် စစ်ကိုင်းတိုင်းထဲမှာ တော်လှန်ရေးတပ်တွေဘက်က လက်နက်ခဲယမ်းအများဆုံးရရှိခဲ့တဲ့ တိုက်ပွဲလည်းဖြစ် လာပါတယ်။