ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကနေ လက်နက်လေးရာကျော်ရကာ သုံ့ပန်းအများအပြားဖမ်းမိထား

Phot0 – စစ်ကိုင်းပကဖ

အောက်တိုဘာ ၊ ၉

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေက ဒုတိယအကြိမ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ နှစ်လနီး ပါးကြာ တိုက်ပွဲတွေအတွင်း လက်နက်မျိုးစုံလေးရာကျော်သိမ်းဆည်းထားနိုင်ကာ သုံ့ပန်းအများအပြားလည်း ဖမ်း မိတယ်လို့ စစ်ကိုင်းတိုင်း ပကဖ က ဒီကနေ့ ကနဦးထုတ်ပြန်ပါတယ်။

ပင်လည်ဘူးတိုက်ပွဲမှာ သိမ်းဆည်းရမိတဲ့  လက်နက်ခဲယမ်းအရေအတွက်ဟာ စစ်ကိုင်းတိုင်း အတွင်း နွေဦးတော် လှန်ရေးကာလတိုက်ပွဲတွေထဲ အများဆုံး သိမ်းဆည်းရမိတဲ့ပမာဏဖြစ်တယ်လို့ တော်လှန်ရေးသတင်းရင်း မြစ် တဦးက သုံးသပ်ပြောဆိုပါတယ်။

ပင်လည်ဘူးမြို့ ရဲစခန်းနဲ့ ဘဏ်တို့မှာ နောက်ဆုံးခံစစ်ဆင်နေပြီး ပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီတပ်တွေက လက်နက်ချဆုတ်ခွာခွင့်တောင်းပြီး ဆုတ်ခွာသွားတာကြောင့် လက်ရှိမှာ အမှတ်(၁)စစ်ဒေသလက် အောက်ခံ တော်လှန်ရေးတပ်တွေက အလုံးစုံထိန်းချုပ်လိုက်ကာ မြို့တွင်းရှင်းလင်းမှုတွေလုပ်နေတယ်လို့ဆိုပါတယ်။

တော်လှန်ရေးတပ်တွေက ထိန်းသိမ်းထားသူတွေထဲ သုံ့ပန်းတွေအပြင် အလင်းဝင်ပူးပေါင်းလာတဲ့ တပ်ဖွဲ့ဝင်တွေ လည်းရှိပြီး စစ်ကောင်စီတပ်တွေ နောက်ဆုံးအခြေပြုခဲ့တဲ့ရဲစခန်းထဲကနေ ဘိန်းဖြူခွက်ရေ ရှစ်ဆယ်လောက် သိမ်း ဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပင်လည်ဘူးမြို့ဟာ ပြီးခဲ့တဲ့ တနှစ်လောက်အကြာ ၂၀၂၃ နိုဝင်ဘာလတုန်းကလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်ခဲ့ဖူးပေမယ့် စစ်ကောင်စီတန်ပြန်ထိုးစစ်ကြောင့် လက်လွှတ်ခဲ့ရပါတယ်။

အဲ့ဒီနောက် ပင်လည်ဘူးမြို့နဲ့အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေမကြာမကြာဖြစ်နေခဲ့ပြီး အခုတကြိမ် မြို့သိမ်း တိုက်ပွဲဟာ စုစုပေါင်းတိုက်ပွဲကာလ ၅၃ရက်ကြာခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပကဖက ဆိုပါတယ်။

လက်နက်ချဆုတ်ခွာခွင့်တောင်းထားသူတွေကို ဆုတ်ခွာခွင့်ပေးခဲ့ပြီးနောက် ဖမ်းဆီးရမိထားတဲ့ သုံ့ပန်းတွေကို လည်း ကောင်းမွန်စွာ ထိန်းသိမ်းပေးထားတယ်လို့ စစ်ကိုင်းတိုင်းပကဖ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တိုက်ပွဲကာလနှစ်လနီးပါးအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရေးယာဉ်အမျိုးမျိုးနဲ့ ပေါင်ငါးရာ၊သုံးရာဗုံး တွေအပါအဝင် ဗုံးအလုံးရေ ၃၀၀၀ကျော် ကြဲချတိုက်ခိုက်ခဲ့သလို လက်ရှိမြို့သိမ်းနိုင်ပြီးချိန်မှာလည်း လေကြောင်း တိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့ သိရပါတယ်။