စစ်မှုထမ်းသင်တန်းအပတ်စဉ်(၁)ဆင်းသူတွေတာဝန်ကျတပ်ရင်း၊တပ်ဖွဲ့တွေမှာတာဝန်ထမ်းတော့မယ်

Photo – စစ်ကောင်စီ

ဇွန်၊ ၂၉

စစ်ကောင်စီပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေအရ ပြီးခဲ့တဲ့ ဧပြီလအတွင်းစတင်တဲ့ပထမဆုံးစစ်သင်တန်းကနေ ဆင်းလာသူတွေ တာဝန်ကျ၊တပ်ရင်း တပ်ဖွဲ့အသီးသီးမှာကာကွယ်ရေးနဲ့လုံခြုံရေးတာဝန်တွေထမ်းဆောင်တော့ မယ်လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် သင်တန်းဆင်းပွဲတွေကို မနေ့က နိုင်ငံတဝန်းနယ်မြေခံသင်တန်းကျောင်း တွေမှာ ပြုလုပ်ခဲ့တဲ့ အကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်သတင်းစာတွေကဖော်ပြရာမှာ အထက်ပါ အတိုင်းထည့်သွင်းဖော်ပြတာပါ။

အာဏာသိမ်းစစ်ကောင်စီဟာ အသက် ၁၈နှစ်ပြည့်ပြီးသူတွေ မဖြစ်မနေစစ်မှုထမ်းရမယ့် စစ်မှုထမ်းဥပဒေကို အခု နှစ် ဖေဖော်ဝါရီလအတွင်း စတင်အသက်သွင်းခဲ့ပြီး သင်တန်းတွေကိုတော့ ဧပြီလ ၈ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အဲ့ဒီသင်တန်းတွေကို အပတ်စဉ်(၄)အထိ စစ်ကောင်စီက ဆက်တိုက်ဖွင့်လှစ်သင်ကြားနေပြီး အပတ်စဉ် (၁)သင်တန်းတွေကိုတော့ သုံးလနီးပါးအကြာမှာ သင်တန်းဆင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီသင်တန်းကာလအတွင်း ကြံခိုင်ရေး၊စစ်ရေးပြ၊ခြေလျင်လက်နက်ငယ်၊ စစ်မြေပြင်ကျွမ်းကျင်မှု၊ချီတက်မှု လေ့ ကျင့်တာ၊အဖွဲ့အလိုက်၊တပ်စိတ်အလိုက်လေ့ကျင့်တာ၊အထူးစစ်နည်းဗျူဟာ၊စစ်ဘက်ရေးရာလုံခြုံရေး၊ချေမှုန်းရေးလေ့ကျင့်ခန်း၊စတဲ့သင်ခန်းစာတွေကို စာတွေ့လက်တွေ့သင်ကြားခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်ကဆိုပါ တယ်။

ဒါ့အပြင် စစ်မြေပြင် အင်ဂျင်နီယာဘာသာရပ်၊စစ်မြေပြင်အုပ်ချုပ်ရေးနဲ့ အထွေထွေ ဘာသာရပ်တွေကိုလည်း လေ့ ကျင့်သင်ကြားခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီအသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေအရ အခုသင်တန်းဆင်းလာသူတွေဟာ နှစ်နှစ်ကြာ တာဝန် ထမ်းဆောင်ရမှာဖြစ်ပါတယ်။ဒါပေမယ့် စစ်မှုထမ်းဥပဒေနဲ့အတူ အသက်သွင်းလိုက်တဲ့ အရန်တပ်ဖွဲ့ဥပဒေမှာ တော့ စစ်မှုထမ်းတဦးအငြိမ်းစားယူခွင့်ရပြီးနောက် ငါးနှစ်အထိ အရန်တပ်ဖွဲ့မှာ ထမ်းဆောင်ရမယ်လို့ ဆိုထားပါတယ်။

လက်ရှိစစ်မှုထမ်းသင်တန်းတွေကနေ သင်တန်းဆင်းသူတွေကို တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေဆီစေ လွှတ်၊ မလွှတ် ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီကရှင်းရှင်းလင်းလင်းထုတ်ပြောတာမရှိသေးပေမယ့် တော်လှန်ရေး တပ် ဖွဲ့တချို့ ကတော့ မြေပြင်တိုက်ပွဲတွေအတွင်း စစ်မှုထမ်းသင်တန်းဆင်းလာတဲ့တပ်သားသစ်တွေ တွေ့ရတာရှိ တယ်လို့ ဆိုကြပါတယ်။

ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီက ရိုဟင်ဂျာတွေကိုပါ အလောတကြီးသင်တန်းပေးလက်နက်တပ်ဆင်ပေး ကာ အာရက္ခတပ်တော် AA နဲ့တိုက်ပွဲတွေအတွင်းပါဝင်တိုက်ခိုက်စေတဲ့အထောက်အထားတွေရထားတယ်လို့ စစ်ကောင်စီဝတ်စုံနဲ့ သေဆုံးနေတဲ့ ရိုဟင်ဂျာတချို့ရဲ့ ရုပ်အလောင်းဓာတ်ပုံတချို့ပါ ထုတ်ပြပြီး AA က ပြောထား ပါတယ်။

စစ်မှုထမ်းသင်တန်း အပတ်စဉ်တခုကို သင်တန်းသားငါးထောင်စီခေါ်ယူသင်ကြားမယ်လို့ စစ်ကောင်စီက ကြို တင်ပြောဆိုထားပေမယ့် ပြီးခဲ့တဲ့အပတ်စဉ်တွေမှာ သင်တန်းသားလျာထားချက်ပြည့်မီဖို့အခက်အခဲတွေကြုံခဲ့ရ တယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေး  ဗဟိုအဖွဲ့ဥက္ကဌလည်းဖြစ်၊စစ်ကောင်စီကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ် ချုပ်ကြီးတင်အောင်စန်းက မေလအတွင်းပြောထားပါတယ်။

အာဏာသိမ်းပြီးနောက် ပျူစောထီးနဲ့ ပြည်သူ့စစ်အဖွဲ့တွေဖွဲ့စည်းကာ လက်နက်တပ်ဆင်ပေးမှုတွေပါလုပ်ခဲ့တဲ့ စစ်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်နဲ့ရခိုင်တို့မှာ အထိနာခဲ့ချိန်မှာတော့ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဥပဒေအသက်သွင်းပြီးနောက် စစ်မှုထမ်းခေါ်ယူစုဆောင်းမှုနဲ့ သင်တန်းစတင်မှုတွေကို တက်သုတ်ရိုက်လုပ် ဆောင်ခဲ့ပြီး အဲ့ဒီအကျိုးဆက်အနေနဲ့ စစ်ကောင်စီထိန်းချုပ်ဒေသတွေက လူငယ်အများအပြား တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဖြစ်လာတာ၊နည်းလမ်းအမျိုးမျိုးနဲ့ ပြည်ပထွက်ခွာတာတွေပိုမိုမြင့်တက်ခဲ့ပါတယ်။

စစ်မှုထမ်းဥပဒေအရ အမျိုးသမီးတွေကို တမ်သားသစ်အဖြစ် စုဆောင်းမှာဖြစ်ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက စစ်မှု ထမ်းသင်တန်း အပတ်စဉ်(၄)စတင်ခဲ့ချိန်အထိတော့ စစ်ကောင်စီကအမျိုးသမီးတွေကို ခေါ်ယူသင်တန်းပေးတာ မျိုးမရှိသေးပါဘူး။