ဇူလိုင်၊ ၆
အာဆင်နယ် အသင်းရဲ့ ကွင်းလယ် ကစားသမား ဂရာနစ် ရှာခါဟာ ဂျာမန် ဘွန်းဒစ်လီဂါ ဘောလုံးကလပ် ဘေယာ လေဗာကူဆန်ဆီ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၃၀ ရှိနေပြီဖြစ်တဲ့ ဆွစ်ဇာလန် လက်ရွေးစင်ကို လေဗာကူဆန်က ယူရို ၂၅ သန်းနဲ့ ဝယ်ယူပြီး ၅ နှစ်သက်တမ်း စာချုပ် ချုပ်ဆိုသွားခဲ့တာပါ။ ရှာခါဟာ ၂၀၁၆ ခုနှစ်မှာ အာဆင်နယ်ကို ရောက်လာခဲ့ပြီး နောက်ထပ် ၃ နှစ်အကြာမှာ အသင်းခေါင်းဆောင်အဖြစ် အချိန်အတိုင်းအတာ တခုထိ တာဝန်အပ်နှင်း ခံခဲ့ရဖူးပါတယ်။
သူဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ် ကျန်နေသေးပေမယ့် အခုနွေရာသီ စျေးကွက်မှာ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့ပြီးသားပါ။ တဖက်မှာလည်း အာဆင်နယ်ဟာ ရှာခါရဲ့ နေရာမှာ ရေရှည် အစားထိုးမှုအဖြစ် ဝက်စ်ဟမ်း ယူနိုက်တက်ရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ အနီးစပ်ဆုံး ဖြစ်နေပါတယ်။
ရှာခါဟာ လန်ဒန်အခြေစိုက် ကလပ်အသင်းမှာ ၂၉၇ ပွဲ ကစားပြီး ၂၃ ဂိုးထိ သွင်းယူပေးခဲ့ပါတယ်။ သူ့ရဲ့ အာဆင်နယ် ကစားသမား ဘဝမှာ အသင်းနဲ့အတူ အက်ဖ်အေ ရှုံးထွက်ဖလား ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဂျာမန် ဘွန်းဒစ်လီဂါ ပြိုင်ပွဲတွေဟာ ရှာခါနဲ့ မစိမ်းလှပါဘူး။ သူဟာ အာဆင်နယ်ဆီ ကူးပြောင်းမလာခင်တုန်းက ဂျာမန်ကလပ် ဘိုရပ်ရှား မိုချင်ဂလတ်ဘတ်ချ်မှာ ၄ နှစ်ကြာ ကစားခဲ့ဖူးပါတယ်။
Ref: BBC