ဖမ်းဆီးခံထားရတဲ့ မရမ်းကုန်း ပကဖတာဝန်ခံကိုအသုံးချပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဆက်လက်ဖမ်းဆီးနေ

ဇွန် ၊ ၃

မရမ်းကုန်းမြို့နယ်ပြည်သူကာကွယ်အဖွဲ့ရဲ့တာဝန်ခံတဦးဖြစ်တဲ့ သားသား(ခ)Big Bossကို စစ်ကောင်စီက ဖမ်း ဆီးခဲ့ပြီးနောက် အဲ့ဒီပကဖတာဝန်ခံကိုအသုံးချပြီး နောက်ထပ် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ထောင်ဖမ်းတာ တွေလုပ်နေတယ်လို့ မရမ်းကုန်းမြို့နယ်ပကဖအဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။

“ဘယ်ရက်က အဖမ်းခံရတယ်ဆိုတာတော့မသိဘူး၊သူအဖမ်းခံရတာကိုလည်း အဖွဲ့ဝင်ရဲဘော်တွေက သတိမထား မိဘူး၊အဲ့တော့ စစ်‌ေ-ွး တွေက သူ့ကိုထိန်းချုပ်ထား၊တည်ကြက်ထားပြီး တခြားရဲဘော်တွေကို ထောင်ဖမ်းတာတွေ လုပ်တော့မှ သိရတာပါ”လို့ သူကပြောပါတယ်။

လက်ရှိမှာ မရမ်းကုန်းမြို့နယ်ပြည်သူကာကွယ်အဖွဲ့ရဲ့တာဝန်ခံတဦးဖြစ်တဲ့ သားသား(ခ)Big Bossကတဆင့် ထောင်ချောက်ဆင်ဖမ်းဆီးခံရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရှိနေတယ်ဆိုတာ အတည်ပြုနိုင်ပေမယ့် ဘယ်နှဦး ထပ်အဖမ်းခံခဲ့ရတယ်ဆိုတာကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“သိသိချင်းတော့ တခြားရဲဘော်တွေအားလုံးကိုအသိပေးထားတယ်၊ကျွန်တော်တို့လည်း ချက်ချင်း Save House ကိုပြောင်းလာရတော့ နောက်ဆက်တွဲအခြေအနေကိုတော့မသိရသေးဘူး”လို့ မရမ်းကုန်းမြို့နယ်ပကဖအဖွဲ့ ဝင်တဦးကပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ မရမ်းကုန်းမြို့နယ်ပြည်သူ ကာကွယ်ရေးအဖွဲ့တာဝန်ခံသားသား(ခ)Big Bossက တော်လှန်ရေး အဖွဲ့တွေကို ပစ္စည်းအပေးအယူကိစ္စတွေလုပ်ဖို့ ချိန်းဆိုကာ ဖမ်းဆီးနေတာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအခြေအ နေတွေနဲ့ ပတ်သက်လို့ ပကဖ တာဝန်ခံ သားသား(ခ)Big Boss က စစ်ကောင်စီနဲ့ပူးပေါင်းပြီး လုပ်ကိုင် နေတာလို့ ရန်ကုန်အခြေစိုက်တော်လှန်ရေး အင်အားစုတွေက စွပ်စွဲထားကြပေမယ့် DNA အနေနဲ့သီးခြားအတည် မပြုနိုင်ပါဘူး။

မရမ်းကုန်းမြို့နယ်၊ ကုလားကျောင်းဈေးအနီးမှာ မနေ့က နေ့လယ် ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀လောက်က လမ်းတချို့ကိုပိတ်ဆို့ပြီးလူငယ်တဦးကိုဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီလူငယ်ကို စစ် ကောင် စီက ဘာကြောင့်ဖမ်းဆီးတယ်ဆိုတဲ့အသေးစိတ်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။