မေ၊ ၁၅
မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ပေါက်တောမြို့နယ်နဲ့ မြေပုံမြို့နယ် တို့မှာ မြင်တွေ့ရတဲ့ အပျက်အစီးမြင်ကွင်းတွေပဲ ဖြစ်ပါတယ်။
မနေ့က မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက ဒေသတော်တော်များများမှာ ဆက်သွယ်ရေးဖုန်းလိုင်းတွေ ပြတ်တောက်ခဲ့ပြီး ဒီကနေ့ မေလ ၁၅ ရက်မနက်ပိုင်းအထိ ဖုန်းလိုင်းတွေအဆက်အသွယ်မရသေးတဲ့အတွက် ထိခိုက်ပျက်စီးမှုအသေးစိတ်တွေကို မသိရသေးတဲ့ အခြေအနေဖြစ်နေပါတယ်။
ဓာတ်ပုံ – Khaing Ko Zai