မိုးသည်းထန်မှုကြောင့် မန်းချောင်းရေလျှံပြီး မန်းရွှေစက်တော်ရေလွှမ်းနေ May 14, 2023 ဒေသအလိုက် သတင်းကဏ္ဍ မေ၊ ၁၄ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်မှာရှိတဲ့ မန်းရွှေစက်တော်မှာ မိုးသည်းထန်မှုကြောင့် မန်းချောင်းရေကျော်ပြီး ရေကြီးရေလျှံမှုဖြစ်နေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ ဒီကနေ့ မေလ ၁၄ ရက်နေ့မှာ အလွန့်အလွန်အားကောင်းတဲ့ ဆိုက်ကလုန်းမုန်တိုင်း မိုချာဟာ ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲခန့်အချိန်မှာ စူပါဆိုက်ကလုန်းအဆင့်လွန် အဆင့်အဖြစ်နဲ့ မုန်တိုင်းဗဟိုလေတိုက်နှုန်း တစ်နာရီကို ၁၆၇ မိုင် အထက်နဲ့ ရခိုင်ကမ်းရိုးတမ်းဒေသကိုရောက်ရှိမှာဖြစ်ပြီး မုန်တိုင်းစတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ အဲဒီမုန်တိုင်းအရှိန်ကြောင့် ကုန်တွင်းပိုင်းဒေသတွေဖြစ်တဲ့ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး စတဲ့တိုင်းဒေသကြီးတွေမှာ မိုးရွာသွန်းမှု အားကောင်းနေပြီး လေပြင်းတိုက်ခတ်မှုနဲ့ ရေကြီးရေလျှံမှုတွေဖြစ်နေပါတယ်။ မကွေးမင်းဘူးမန်းရွှေစက်တော်ရေလျှံ
နိုင်ငံရေး မြိုင်မှာ စစ်ကောင်စီတပ်က တိုက်ပွဲမရှိပဲလက်နက်ကြီးနဲ့ပစ်လို့ နွားနှစ်ကောင်သေဆုံး February 15, 2023 နိုင်ငံရေး မကွေးတိုင်းအတွင်းရှိ မြိုင်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းက အထိုင်ချပြီး အနီးနားက ရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်နေတဲ့အတွက် ဒေသခံများရဲ့ ကျွဲ၊ နွား သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က ဖေဖော်ဝါရီလ ၁၄ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး မကွေးတိုင်းထဲက PDF တွေကို NUG လက်နက်တပ်ဆင်ပေး March 29, 2023 နိုင်ငံရေး မတ်၊ ၂၉ မကွေးတိုင်းကွပ်ကဲရေးရုံးကနေဦးစီးပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ် (၁) စစ်ဒေသရဲ့အပတ်စဉ် (၄) သင်တန်းဆင်းပွဲနဲ့ လက်နက်အပ်ပွဲကို ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က မကွေးတိုင်းတနေရာမှာလုပ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်လာပါတယ်။ စုဖွဲ့၊ လေ့ကျင့်၊ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ မကွေးလေတပ်စခန်း ဗုံးခွဲတိုက်ခိုက်ခံ August 8, 2021 ဒေသအလိုက် သတင်းကဏ္ဍ, နိုင်ငံရေး ၈၊ ဩဂုတ်လ၊ ၂၀၂၁။ ဒီနေ့မနက်ပိုင်းက မကွေးမြို့လေတပ်စခန်း ဗုံးခွဲတိုက်ခိုက်ခြင်းခံခဲ့ရတယ်လို့ အနီးကျေးရွာခံတွေဆီက သိရပါတယ်။ ဩဂုတ်လ ၈ရက်နေ့ မနက်၂နာရီမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် မနက် ၄နာရီတွင် နောက်ထပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ “ပေါက်ကွဲသံကြီးကတော့ အတော်ကျယ်ကျယ်ကြီး ကြားလိုက်ရတယ်၊ အတွင်းပိုင်းကဆိုတော့ [ဆက်လက်ဖတ်ရှုရန်]