
ဧပြီ၊ ၁၇
ဒီကနေ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတရက်နေ့မှာ နိုင်ငံတဝန်းအကျဉ်းထောင်တွေကနေ အကျဉ်းသား ၃၀၁၅ ဦးကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာလာပါတယ်။
အကျဉ်းသားအားလုံးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ မှတ်ချက်နဲ့ ပြစ်ဒဏ်လျော့ပေါ့လွှတ်ပေးတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက သူတို့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးထားတဲ့လူတွေကို အခါကြီးရက်ကြီးနေ့တွေမှာ လွတ်ငြိမ်းခွင့်လုပ်ပေးနေတာ ၉ ကြိမ်ထက်မနည်း ရှိနေပါပြီ။
စစ်အာဏာသိမ်းထားတဲ့ ၂ နှစ်တာကာလအတွင်း အကျဉ်းသား စုစုပေါင်း ၅၉၆၂၉ ဦးကို ပြန်လွှတ်ပေးထားတာဆိုရင် ၆ သောင်းကျော် အထိရှိနေပါတယ်။
စစ်ကောင်စီက ဖမ်းဆီးထားသူတွေကို လွတ်ငြိမ်းခွင့်ပေးရာမှာတော့ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါသလို အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့သူတွေ မပါဝင်ဘူးလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ပုံစာ – ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က ရန်ကုန်အင်းစိန်အကျဥ်းထောင်ရှေ့မှာ တွေ့ရတဲ့ မြင်ကွင်း
