ချင်းမိုင် ဆုန်ကရမ်ပွဲတော် April 15, 2023 ဆောင်းပါး ဧပြီ၊ ၁၅ ထိုင်းနိုင်ငံရဲ့ သင်္ကြန်ပွဲတော်အဖြစ် ထင်ရှားတဲ့ ဆုန်ခရမ်ပွဲတော်ကာလအတွင်း ချင်းမိုင်မြို့က ဗုဒ္ဓဘာသာဝင်တွေရဲ့ ကောင်းမှုကုသိုလ်ပြုလုပ်နေကြတဲ့ ပုံရိပ်တွေကို DNA က ဖေါ်ပြပေးလိုက်ပါတယ်။ ချင်းမိုင်မြို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ တည်ရှိပြီး နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့လည်း ဖြစ်ပါတယ်။ ရိုးရာဓလေ့ နဲ့ ယဉ်ကျေးမှုထွန်းကားတဲ့ မြို့အဖြစ် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်တာပါ။ ချင်းမိုင်မြို့ဟာ ၁၈ ရာစုက မြို့ဟောင်းရဲ့ အစိပ်အပိုင်းတွေထိန်းသိမ်းထားပြီး ခရီးသွားလုပ်ငန်းကနေ အဓိက ဝင်ငွေရရှိနေသလို သစ်သား နဲ့ ငွေထည် ပန်းပုပညာတွေ ၊ မြေအိုး လုပ်ငန်း ၊ ရိုးရာထီးလုပ်ငန်း ၊ ယွန်းထည်လုပ်ငန်းတွေ ထွန်းကားတဲ့အတွက် ထိုင်းနိုင်ငံရဲ့ လက်မှုပညာဗဟိုချက်အဖြစ် သတ်မှတ်ထားကြပါတယ်။ ချင်းမြိုင်မြို့ရဲ့ သင်္ကြန်ပွဲတော် ဆုန်ခရမ်ကို နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားများစွာ လာရောက်လေ့ရှိပါတယ်။ ချင်းမိုင်ထိုင်းသင်္ကြန်
နိုင်ငံတကာရေးရာ မြန်မာ့အရေး ကူညီဖြေရှင်းဖို့ အကြံပြု အဆို ၄ ချက်ကို ထိုင်းအောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ တင်သွင်း March 18, 2024 နိုင်ငံတကာရေးရာ မတ်၊ ၁၈ ထိုင်းလွှတ်တော်ရဲ့ နိုင်ငံခြားရေး ကော်မတီဟာ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းတွေကို ကူညီ ဖြေရှင်းပေးနိုင်ဖို့ အကြံပြု အဆိုပြုချက် ၄ ခုကို တင်သွင်း ဆွေးနွေးခဲ့ပါတယ်။ အာဏာရ ဖျူထိုင်းပါတီ (PTP)ရဲ့ ရွေးကောက်ခံ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ထိန်းသိမ်းထားတဲ့ မင်းအောင်လှိုင် မိသားစု ပိုင်ဆိုင်မှုတွေ ပြန်မပေးဖို့ ထိုင်းနိုင်ငံရေးသမား တိုက်တွန်း April 18, 2023 နိုင်ငံရေး ဧပြီ၊ ၁၈ ထိုင်းနိုင်ငံမှာ ဖမ်းဆီး ခံထားရတဲ့ မြန်မာ ခရိုနီ သူဌေး တယောက်နဲ့ ဆက်စပ်ပြီး ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားတဲ့ ပိုင်ဆိုင်မှုတွေကို အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်က ပြန်လည်ရရှိဖို့ ညှိနှိုင်းတောင်းဆိုနေကြောင်း သတင်းတွေ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံတကာရေးရာ အလုပ်မအားလို့ သက်ဆင်ရဲ့ ပါတီ အလည်အပတ် အစီအစဉ်ကို တက်ရောက်မှာ မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြော March 26, 2024 နိုင်ငံတကာရေးရာ မတ်၊ ၂၆ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာက အာဏာရ ပါတီကို လာရောက်လည်ပတ်တဲ့ အချိန်မှာ ဧည့်ခံ တွေ့ဆုံမှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြောပါတယ်။ ဖျူထိုင်းပါတီ (PTP)ကို ထူထောင်ခဲ့သူ ဘီလီယံနာ [ဆက်လက်ဖတ်ရှုရန်]