မတ်၊ ၉
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ရွာမှာ အရက်မူးနေသူတဦးက သူ့အိမ်ကို မီးရှို့ရာကနေ ပတ်၀န်းကျင်အိမ်တွေကို မီးကူးသွားပြီး နေအိမ် ၃ လုံး မီးလောင်ကျွမ်းသွားခဲ့တယ်လို့ အဲဒီရွာသား တွေက ပြောပါတယ်။
ဒီကနေ့ မတ်လ ၉ ရက် နေ့လယ်ပိုင်းမှာ အဲဒီရွာ သားတဦးက သူရဲ့ မိခင်ဖြစ်သူနဲ့ စကားများပြီး နေအိမ်ကို မီးရှို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“သူက မူးနေတာ၊ သူ့အမေနဲ့ စကားများပြီး အိမ်ကို မီးရှို့တာမှာ ဘေးအိမ်တွေကို ကူးသွားတာ၊ ရွာ သားတွေ ဝိုင်းငြှိမ်းကြတယ်၊ တော်တော် ကံ ကောင်းလို့သုံးအိမ်ပဲ လောင်သွားတယ်” လို့ ပိုးရွှီပြင်ရွာသားတဦးက DNA ကို ပြောပါတယ်။
အဲဒီလို လူနေအိမ်ကို မီးရှို့ခဲ့သူကို ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရခိုင့်တပ်တော်( ULA/AA)ရဲ့ ဒေသအုပ် ချုပ်ရေးအဖွဲ့၀င်တွေက လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
“ULA က ချက်ချင်း လာဖမ်းသွားတယ်၊ဒီဘက်မှာက ဘာအမှုပဲဖြစ်ဖြစ် ဖမ်းတာ၊ ဆီးတာတွေကို ကိုယ့်လူတွေပဲ အကုန်လုပ်ပါတယ်”လို့ နောက်ထပ် ရွာသားတဦးက ပြောပါတယ်။
အခုလတွေထဲမှာ ရခိုင်ပြည်နယ်အတွင်း မီးလောင်မှုတွေ မကြာခဏ ရှိနေပြီး နွေဦးကာလကိုလည်း ရောက်လာပြီဖြစ်လို့ မီးသတိရှိကြဖို့ AA ပြောခွင့်ရ ခိုင်သုခက ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြော ဆိုခဲ့ပါသေးတယ်။
ဓာတ်ပုံ – CJ