သာတူညီမျှနဲ့ တန်းတူညီမျှအခွင့်အရေး အမျိုးသမီးများနေ့မှာ တောင်းဆို

မတ်၊ ၈

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ The Phae Gate ကွင်းပြင်မှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို မြန်မာအမျိုးသမီးအဖွဲ့တွေအပါအဝင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးအဖွဲ့ (၁၅) ဖွဲ့ကျော်စုပေါင်းကျင်းပခဲ့ပါတယ်။ 

 ဒီကနေ့ မတ် ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ မြန်မာရွှေပြောင်းအမျိုးသမီးတွေရဲ့ အခွင့်အရေး နဲ့ပတ်သက်လို့ အချက် (၂) ချက်အပါအဝင် အမျိုးသမီးတွေ သာတူညီမျှ၊ တန်းတူညီမျှ အခွင့်အရေး ရဖို့နဲ့ပေးဖို့ ကို ထုတ်ဖော်တောင်းဆိုတဲ့အချက်တွေ ပါဝင်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် MAP foundation မှ တာဝန်ရှိသူ မမိုင်က ပြောပါတယ်။

 “ဒီက အမျိုးသမီးကွန်ယက်အဖွဲ့အစည်းတွေကနေမှ ထုတ်ပြန်ကြေညာစာတမ်းကို တောင်းဆိုကြတယ်။ မြန်မာရွှေ့ပြောင်းအမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်လို့ တောင်းဆိုတာတွေလည်း ပါတယ်။ ကျွန်မတို့ ရွှေ့ပြောင်းအမျိုးသမီးတွေနဲ့ ပတ်သက်လို့တော့ အချက် ၂ ချက်လောက်ပဲ ပါမယ်။ ကွန်ယက်နဲ့ ပူးပေါင်း လုပ်ရတာဖြစ်လို့၊ဒီလို ပူးပေါင်းလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အစ်မတို့ အမျိုးသမီးတွေ သာတူညီမျှ၊ တန်းတူညီမျှ အခွင့်အရေးတွေ ရဖို့နဲ့ ပေးဖို့ကို ထုတ်ဖော်ပြောဆိုတာလည်း ဖြစ်တယ်’’လို့ သူက ပြောပါတယ်။ 

 ဒီကနေ အခမ်းအနားကျင်းပရာ The Phae Gate လာတဲ့ လမ်းတစ်လျှောက်မှာလည်း “ရှင်းရှင်း ပြောပါ၊  ကျယ်ကျယ်ပြောပါ ၊ဒုက္ခသည်တွေကိုလည်း ကြိုဆိုပါ”၊ “ရှင်းရှင်းပြောပါ၊ ကျယ်ကျယ်ပြောပါ ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း ကြိုဆိုပါ” ၊ “ရှင်းရှင်းပြောပါ၊ ကျယ်ကျယ်ပြောပါ အမျိုးသမီးတွေကို ကြိုဆိုပါ” ဆောင်ပုဒ်တွေကို မြန်မာ၊ ထိုင်း၊ အင်္ဂလိပ်လို့ ရွက်ဆိုပြီး စီးတန် လှည့်လည်ခဲ့ပါတယ်။ 

 ဒီနေ့ပွဲကို MAP Foundatio၊ ရှမ်းအမျိုးသမီးအဖွဲ့အစည်း စတဲ့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအမျိုးသမီးအဖွဲ့အစည်း အများအပြားအပြင် ထိုင်းနဲ့ အပြည်ပြည်ဆိုင်ရာက အမျိုးသမီးအဖွဲ့အစည်းတွေ စုပေါင်းကျင်းပတာဖြစ်ပြီး လူဦးရေ၃၀၀ ခန့် တက်ရောက်ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့နိုင်ငံရေးမှာအမျိုးသားတွေကြီးစိုးမှုတွေများလာတဲ့အတွက် အမျိုးသမီးတွေပိုမိုပါဝင်ခွင့်ရဖို့ အတွက် တောင်းဆိုမှုတွေ၊ ဝေဖန်ထောက်ပြတာတွေလည်းရှိပါတယ်။