ကနန်းလူမျိုးဟူသည် မြန်မာအနွယ်ဝင် လူမျိုးစု တစ်ခုဖြစ်သည်။ ကနန်းလူမျိုးတို့သည် ယဉ်ကျေးသိမ်မွေ့သည်၊ ခင်မင်ရင်းနှီးတတ်သည်၊ စားဝတ်နေရေး တို့တွင် ရောင့်ရဲတင်းတိမ်သည်။
- ကနန်းလူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး ကိုးကွယ်မှုတွင် ဗမာလူမျိုးတို့ထက်ပင် ထူးထူးခြားခြား ကိုးကွယ်ခြင်းကို တွေ့ရှိရပေသည်။ အထူးသဖြင့် ကနန်း လူမျိုးတို့သည် စုပေါင်းလုပ်ဆောင်မှုကို အလေးဂရုထား၍ ဦးစားပေးစုပေါင်းလုပ်ဆောင်ကြသည်။
- ကဒူးကနန်းလူမျိုးတို့သည် ညီအစ်ကိုအရင်းအချာများ ဖြစ်ကြောင်းနှင့်ကချင်လူမျိုးတို့သည် အစ်ကိုကြီးဖြစ်ကြောင်း။ ကဒူးလူမျိုးနှင့်ကနန်းလူမျိုးတို့၏စကားများမှာ အများဆုံးတူကြသော်လည်း ကချင်ဘာသာ စကားဖြင့်မူ မဆိုစလောက် တစ်လုံးစ နှစ်လုံးစသာ တူရောင်ရောင် တွေ့ရသည်။ သို့သော် ကဒူးကနန်းများ၏စကားတွင် ဗမာစကားလည်း တစ်လုံးစ နှစ်လုံးစ ပါတတ်ကြပေသည်။
ကောက်နုတ်ချက်။ ။
ဤအချက်အလက်များကို ၁၉၇၁-ခုနှစ်၊ ဩဂုတ်လထုတ် အမှတ် (၂၉) စန္ဒာရုပ်စုံမဂ္ဂဇင်း မှ တိုက်ရိုက် ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်သည်။ ၎င်းမဂ္ဂဇင်း၏ စာမျက်နှာ ၃၉ မှ ၄၀ အထိ ဥက္ကလာ – သောင်း ရေးသော ဆောင်းပါးမှ ဖော်ပြချက် တချို့ကို ကောက်နုတ်တင်ပြထားခြင်းဖြစ်သည်။ အယ်ဒီတာအဖွဲ့၏ အာဘော် မဟုတ်။