အညာနွေအပူအောက်က စစ်ဘေးရှောင်ပြည်သူများ

မတ်၊ ၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းကို ဒီကနေ့ မတ်လ ၂ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းထိုးနေတာကြောင့် ရွာပေါင်း ၁၀ ရွာက ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေကြတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီကနေ့မှာလည်း ခင်ဦးနယ်ထဲက ယာတော်ကျေးရွာနဲ့ ကျွန်းတောကြီးရွာတွေဘက်ကို ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့နေတာကြောင့် မြင်းဒေါင်း၊မြင်းကျ၊မကျီးအုပ်၊ကျွန်းတောကြီး၊သရက်ပင်စု၊ယာတော်၊အင်တိုင်းလေး(တောင်၊မြောက်)၊ဥယျဥ်နဲ့သာဝတ္ထိရွာစတဲ့ ကျေးရွာတွေက

ဒေသခံပေါင်း တသောင်းကျော်လောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။ ” ပြေးနေရတာ ငါးရက်ရှိပြီ။ ရှေ့ကပြေးနောက်ကလိုက်သလိုဖြစ်လို့ ဆက်ပြေးနေကြတုန်းပဲ”  လို့ခင်ဦးသတင်းမှန်ပြန်ကြားရေးက ကိုသာစစ်လင်းက DNA ကိုပြောပါတယ်။