- ပြည်ထောင်စုမြန်မာနိုင်ငံ၏ တိုင်းရင်းဘွား လူမျိုးတစ်မျိုးဖြစ်သော သက်လူမျိုးသည် တိဗက်·မြန်မာအုပ်စု ကြီး၏ ရခိုင်အုပ်စုခွဲတွင်ပါဝင်သည်။ ရခိုင်တိုင်း၏ တောင်ရိုးနယ်များဖြစ်ကြသောမေယုခရိုင်၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တို့တွင် နေထိုင်ကြသည်။ အနီးအ နားရှိခမွီ၊ ရခိုင်၊ ဒိုင်းနက်၊ မရမာကြီး၊ ဟိန္ဒူစသည့်လူမျိုးများနှင့်ရောနှော နေထိုင်ကြသော်လည်းများ သောအားဖြင့်သက်လူမျိုးချည်းသက်သက် သီးခြားရွာတည်၍ လည်း နေထိုင်လေ့ရှိကြသည်။
- အင်္ဂလိပ်တို့မသိမ်းပိုက်မီအခါက ရခိုင်ဘုရင်စိုး မင်းများ၏ အအုပ်အချုပ်ကိုခံယူခဲ့သောလူ မျိုးဖြစ်လေသည်။ သက်တို့နေထိုင်ရာဒေသသည် တောတောင်ထူထပ်၍ မိုးများသည်။
- သက်လူမျိုးတွင် သက်ဘာသာစကားရှိသော်လည်း သက်စာပေဟူ၍ကားမရှိချေ။ ယခုအခါ ဗြာဟ္မီအက္ခရာပွားတစ်မျိုးကို တီထွင်အသုံးပြုလျက် ရှိသည်။ မြန်မာစာပေကို အသုံးပြုကြ၍ မြန်မာစကားကိုနားလည်ပြောဆိုနိုင်သူများသည်။ အများစုသည် ဗုဒ္ဓဝါဒီများဖြစ်ကြသည်။ သက်လူမျိုးတူရိယာဟူ၍လည်း သီးခြားမရှိ၍ မြန်မာတူရိယာတို့ကိုပင်အသုံးပြုကြလေသည်။
- သက်လူမျိုးများသည်မြန်မာနိုင်ငံကေတုမတီ၊ ဟံသာဝတီစသည်တို့မှ စစ်မက်ရေးကြောင့် တိမ်းရှောင်လာသူများ၏ အဆက်အနွယ်များဖြစ်သည်ဟု ဆိုကြလေသည်။
ကောက်နုတ်ချက်။ ။
ဤအချက်အလက်များကို မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၃) စာအုပ်၊ သက်လူမျိုး အကြောင်းအခန်း၌ တိုက်ရိုက် ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်သည်။ အယ်ဒီတာအဖွဲ့၏ အာဘော် မဟုတ်။