ရှမ်း

  • ၂၀၀၄ ခု သုတေသနအရ ရှမ်းခေါ် တိုင်းစကားကို ပြောတာ သန်းပေါင်း ၉၀ ရှိတယ်။ ကမ္ဘာမှာ အပြောများဆုံး ဘာသာစကားတွေထဲမှာ အမှတ်စဉ် ၁၃ မှာ ရှိတယ်။ အာရှမှာတော့ အမှတ်စဉ် (၆) မှာ ရှိတယ်။ စာကျတော့ ၁၀ မျိုးကျော်လောက်ရှိတယ်။ လူသိများတာကတော့ ထိုင်း၊ လာအို၊ ကျုံ့၊ ဂုံ (ဓမ္မစာ လို့လည်းခေါ်)၊ ရှမ်းကြီး၊ မောရှမ်း စသည်တို့ပေါ့။ 
  • အဲဒီထဲမှာ အပြောအရေးအများဆုံးကတော့ ရှမ်းပြည်ပြင်ပမှာဆိုရင် ထိုင်းစာ ထိုင်းစကားဖြစ်သလို ရှမ်းပြည်နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းဆိုရင်တော့ ရှမ်းကြီးစာ ရှမ်းကြီးစကား ဖြစ်ပါတယ်။ ဒီစာက ဗမာစာနည်းတူ မွန်စာကနေ ဖြစ်လာတယ်။ ဗမာစာလုံးနဲ့ ဆင်တူတာများတယ်။ 
  • ရှမ်းစာလေ့လာသူတွေ အများစုက အားနည်းချက်လို့ မြင်ကြတာကတော့ စာလုံးတလုံးက အသံ ၁၅ သံ (အချို့က ၁၈ သံ) အထိ ထွက်နိုင်တဲ့အတွက် ရှမ်းစကားကို အရင်တတ်ထားသူ မဟုတ်ရင် ပြဿနာ သိပ်ကြီးတယ်။ ဒါ့ကြောင့် ဒုတိယကမ္ဘာစစ် စဖြစ်တဲ့အချိန်လောက်မှာ ရှမ်းစာကို ရှမ်းအသံထွက် အတိုင်း ရေးနိုင်အောင် ရှမ်းစာမူဟောင်းကို ပြုပြင်ပြောင်းလဲမှု စတင်ခဲ့ပါတယ်။ 

 

ကောက်နုတ်ချက်။      ။ 

ဤအချက်အလက်များကို ခွန်းဆေ၏ ကျနော်သူပုန်ဖြစ်လာပုံ စာအုပ်၌ တိုက်ရိုက် ကောက်နုတ်ဖော်ပြထားခြင်း ဖြစ်သည်။ ၎င်းစာအုပ်ကို တိုင်းရင်းသားရေးရာသုတေသနအသင်း ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ပထမအကြိမ် ထုတ်ဝေထားပြီး စာမျက်နှာ ၁၁၉ (မြန်မာပြန်မူ) မှ ဖော်ပြချက် တချို့ကို ကောက်နုတ်တင်ပြထားခြင်းဖြစ်သည်။ အယ်ဒီတာအဖွဲ့၏ အာဘော် မဟုတ်။