တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ February 28, 2023 နိုင်ငံရေး ဖေဖော်ဝါရီ၊ ၂၈ အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ တောင်ကိုးရီးယားနိုင်ငံရောက်မြန်မာတွေက စစ်အာအာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့က တော်လှန်ရေးအင်အားစုဝင် လူငယ်တွေကလည်း ရန်ကုန်သပိတ်မှာ ပထမဦးဆုံးကျဆုံးခဲ့တဲ့ ပြည်သူလေးဦးရဲ့ပုံပါတဲ့တီရှပ်တွေဝတ်ဆင်ပြီးအမှတ်တရ လှုပ်ရှားမှုတွေလုပ်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊ လက်ပံတောင်းဒေသ၊ ချင်းတွင်းဒေသ၊ ယင်းမာပင်၊ ဆားလင်းကြီး စတဲ့ဒေသတွေနဲ့ မကွေးတိုင်း ပခုက္ကူ၊ မြိုင် မြို့နယ်တွေမှာ သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် သံဃတော်လှန်ရေးအင်အားစုတွေနဲ့ ကျောင်းသားတော်လှန်ရေးအင်အားစုတွေကလည်း လက်ရှိအချိန်အထိ သပိတ်လှုပ်ရှားမှုတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဒေသအသီးသီးမှာ ဒီကနေ့ ထုတ်ဖော်ပြသခဲ့ကြတဲ့ သပိတ်လှုပ်ရှားမှု ပုံရိပ်တွေထဲက တချို့ကို DNA က စုစည်းဖော်ပြပေးလိုက်ပါတယ်။ Photo – သပိတ်ကော်မတီများ လူထုသပိတ်
နိုင်ငံရေး သပိတ်ပစ်ခတ်ဖြိုခွဲခံရမှုနှစ်ပတ်လည်နေ့ မြောက်ဥက္ကလာမှာ ရဲကားသုံးစီး ဖောက်ခွဲတိုက်ခိုက်ခံရ March 4, 2023 နိုင်ငံရေး မတ်၊ ၄ ရန်ကုန်မြို့၊ မြောက်ဥက္ကလာအဝိုင်းမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးသပိတ် ပစ်ခတ်ဖြိုခွဲခံရတဲ့ နှစ်နှစ်ပြည့် မတ် လ ၃ရက်ညပိုင်းက ကျောက်ရေတွင်း တံတားအနီးမှာ ရဲကားသုံးစီး ဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ ကျောက်ရေတွင်းတံတားအနီးမှာ စစ်ကောင်စီရဲ့ DC ရဲကားသုံးစီးကို [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ပြုလုပ် July 19, 2023 နိုင်ငံရေး ဇူလိုင်၊ ၁၉ ဒီကနေ့ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေအပါအဝင် နိုင်ငံတဝန်းက တော်လှန်ရေးအင်အားစုတွေက သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။ ❝ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ထားဝယ်သပိတ်ခေါင်းဆောင်ရဲ့ ဖခင်ကို ဖမ်းဆီးပြီး နှစ်လနီးပါးအကြာမှာ ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲ August 13, 2023 နိုင်ငံရေး သြဂုတ်၊ ၁၃ စစ်ကောင်စီတပ်က နှစ်လနီးပါးကြာ ဖမ်းဆီးထားတဲ့ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူ ဦးအောင်ဖေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုလိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ” ၅၀၅(က)နဲ့ အမှုဖွင့်လိုက်တယ်။ [ဆက်လက်ဖတ်ရှုရန်]