ရေးမြို့နယ်အခြေစိုက်အမှတ်(၅၈၇) ခြေလျင်တပ်ရင်းဂိတ်စခန်း ဒီကနေ့မနက်အစောပိုင်းမှာ ပစ်ခတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး စိုးရိမ်ရဒဏ်ရာရသလို နှစ်ဦးကတော့ ခြေထောက်ပြတ်ရှ ဒဏ်ရာတွေရသွားတယ်လို့ ရေးမြို့မရဲစခန်းနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
“တက်လာတဲ့ ကြေးနန်းမှာသုံးဦးထိသွားတယ်၊ တယောက်က ဒဏ်ရာပြင်းထန်(စိုးရိမ်ရ)အခြေအနေပါ၊ နှစ် ယောက်ကတော့ ဒဏ်ရာမပြင်းထန်ပေမယ့် ခြေထောက်ပြတ်ရှဒဏ်ရာတွေရသွားတယ်သူတို့သုံး ယောက် လုံးကတော့ တပ်သားတွေပါပဲ၊မော်လမြိုင်မြို့က စစ်ဆေးရုံတခုမှာ ဆေးကုသမှုခံယူနေတယ်”လို့သူက ပြောပါတယ်။
အဲ့ဒီစစ်ကောင်စီဂိတ်စခန်းကို ဒီကနေ့မနက်ခြောက်နာရီခွဲဝန်းကျင်က ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီဘက်က သေနတ်ရမ်းသန်းပစ်ခတ်တာတွေ လုပ်ခဲ့တဲ့အပြင် လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတဦးက DNAကို ပြောပါတယ်။
“တကယ်တမ်းပြောရရင် အဲဒီအနီးအနားပတ်ဝန်းကျင်မှာက အမြဲတမ်းလိုလို စစ်ဆေးနေကြပါ၊ ဒီလို တိုက်ခိုက်ခံရတဲ့အခါမျိုးဆို ပိုပြီး တင်းတင်းကျပ်ကျပ် ရှိတယ်၊ သူတို့က လူငယ်တွေဆို မသင်္ကာဘူး၊ အဲလို မျိုးဆို သေချာစစ်ဆေးတယ်၊ တခါတလေ ရိုက်ခံရတာမျိုးလည်း ကြုံခဲ့ရတာ ရှိပါတယ်” လို့ သူ ကပြော ပါတယ်။
ရေးမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ ကင်းစခန်းတွေ၊ ဂိတ်စခန်းတွေ မကြာမကြာတိုက်ခိုက်ခံရလေ့ရှိပြီး အဲဒီလိုတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ဖြစ်ပြီးတိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာထဲ စစ်ကြောင်းထိုး လာကာ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ ကျေးရွာထဲ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်လေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်ကလည်း ရေးမြို့နယ် မော့ကနင်းကျေးရွာ ဒေသခံဖြစ်တဲ့ နိုင်ဗင်ကို စစ်ကောင် စီတပ်ဖွဲ့တွေက ရော်ဘာခြံထဲမှာ ပစ်ခတ်သတ်ဖြတ်ခဲ့သလို မော့ကနင်ကျေးရွာနေ နိုင်ကျော်ဦးကိုလည်း အ ကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဒီကနေ့အထိမိသားစုနဲ့ အဆက်အသွယ်ပြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေးမြို့နယ်မှာ စစ်အုပ်ချုပ်ရေးနဲ့ ညမထွက်ရအမိန့်ကြေညာပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေက အ ရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေပိုကျူးလွန်လာတဲ့အပြင် ပြည်သူတွေရဲ့ စားဝတ်နေရေးတွေလည်း ပိုခက်ခဲလာတယ်လို့ ဆိုပါတယ်။