မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ CDM ပြုလုပ်ထားတဲ့ အလယ်တန်းပြကျောင်းဆရာမတစ်ဦးကိုPDF တွေအပေါ်ထောက်ပံ့တယ်လို့အကြောင်းပြချက်နဲ့ ဖေဖော်ဝါရီလ ၁၁ ရက်မှာဖမ်းဆီးခံရတယ်လို့ ဒေသခံတွေကDNAကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ၁၁ ရက်မွန်းလွဲ ၂နာရီဝန်းကျင်ကသိမ်ဇရပ်မြို့အကွက် (၂)ရပ်ကွက်နားမှာနေထိုင်တဲ့ အလယ်တန်းပြကျောင်းဆရာမတစ်ဦးဖြစ်တဲ့ဒေါ်ခင်ခင်ထွေးဆိုသူကို
CDMပြုလုပ်ထားတာနဲ့PDF တွေကိုထောက်ပံ့တယ်လို့အကြောင်းပြကာစစ်ကောင်စီအဖွဲ့တွေကနေအိမ်သို့လာရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
” ဆရာမက အာဏာစသိမ်းထဲကCDM လုပ်ထားတာကြာပြီ။ ဒီအတိုင်းပဲ စျေးရောင်းတယ်။ဘယ်သူကသတင်းပေးလိုက်လဲမသိဘူး၊ နေ့ခင်းကြီးအိမ်ကိုလာပြီးဖမ်းခေါ်သွားတယ်။PDF တွေကိုထောက်ပို့တာလည်းပြောသွားတယ်
“လို့အဲဒီမိသားစုဝင်ကပြောပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ဆရာမဒေါ်ခင်ခင်ထွေးကိုစစ်ကောင်စီကဘယ်နေရာကိုခေါ်ဆောင်သွားလဲဆိုတာမသိရှိရတဲ့အတွက်သူမရဲ့အခြေအနေအပေါ်စိုးရိမ်နေရတယ်လို့မိသားစုဝင်တွေကဆိုပါတယ်။
ကျိုက်ထိုမြို့နယ်မှာပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ မှ ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာ/ဆရာမ ၅ ဦးထက်မနည်းကို စစ်ကောင်စီကဖမ်းဆီးထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ဆရာ/ဆရာမတွေအပေါ် CDMပြုလုပ်ထားမှု၊PDF တို့ကိုဆက်သွယ်တယ်လို့အကြောင်းပြကာအကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က)၊ ပုဒ်မ ၅၀၅(က) အမှုဖွင့် တရားစွဲဆိုထားတယ်လို့ဖမ်းဆီးခံမိသားစုဝင်တွေကဆိုပါတယ်။
စစ်ကောင်စီရဲ့ဖမ်းဆီးခံထားရတဲ့CDMဆရာ/ဆရာမတွေအပေါ် တရားစွဲဆိုခံထားရမှုတွေနဲ့ပက်သက်လို့ရှေ့နေခေါ်ယူခွင့်မရရှိသလိုလက်ရှိအချိန်အထိမိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်အပေါ်စစ်ကောင်စီဘက်ကပိတ်ပင်တားမြစ်ထားတယ်လို့ ဖမ်းဆီးခံရသူရဲ့မိသားစုဝင်တစ်ဦးကဆိုပါတယ်။
” ဘယ်မှာဖမ်းထားလဲဆိုတာသိရုံပဲရှိတယ် ၊တွေ့ခွင့်လည်းမပေးဘူး ၊ ရှေ့နေခေါ်မယ်ဆိုလည်းလက်မခံဘူးဖြစ်နေတယ် “လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလပထမအပတ်ကစပြီးစစ်ကောင်စီတပ်၊စရဖ၊ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့အဝင်တွေအပါအဝင်ပျုစောထီးအဖွဲ့စတာတွေကို ကျိုက်ထိုမြို့နယ်နဲ့သိမ်ဇရပ်မြို့နယ်ကရပ်ကွက်အလိုက်အရပ်ဝတ်တွေနဲ့လုံခြုံရေးချထားသလို CDM ပြုလုပ်ထားသူတွေရဲ့စာရင်းပြုစုကာလိုက်လံစုံစမ်းတာ၊ညအချိန် ဧည့်စာရင်းဝင်စစ်တာ၊ ဖမ်းဆီးတာတွေပိုမိုလုပ်ဆောင်လာတယ်လို့မြို့ခံတွေကပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်ကစပြီးစစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့သိန်းနဲ့ချီတဲ့နိုင်ငံဝန်ထမ်းတွေဟာလုပ်ငန်းခွင်တွေကိုစွန့်ခွါခဲ့ကြပါတယ်။
အဲလိုလုပ်ငန်းခွင်စွန့်ခွါခဲ့တဲ့အထဲမှာ ရာထူးကရပ်ဆိုင်းခံရတဲ့ဆရာ၊ ဆရာမပေါင်း၁၂၅ ၀၀၀ ခန့်ရှိတယ်လို့ ၂၀၂၁ခုနှစ်၊မေလမှာရိုက်တာသတင်းတပုဒ်မှာကျောင်းသားမဂတာဝန်ရှိသူတဦးရဲ့ပြောကြားချက်ကိုကိုးကားပြီးဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUGက CDMနိုင်ငံဝန်ထန်းမူဝါဒကို စစ်အာဏာသိမ်းပြီး ၂နှစ်နီးအကြာမှာထုတ်ပြန်ခဲ့သလို တော်လှန်ရေးကာလအလွန်မှာ နိုင်ငံတော်အဆင့်ဂုဏ်ထူးဆောင်ဘွဲ့၊ တဆင့်တိုးရာထူးနဲ့ မထုတ်ယူရသေးတဲ့လစာ၊ချီးမြှင့်ငွေတွေကို တလုံးတည်းပေးအပ်မယ်လို့ထုတ်ပြန်ထားပါတယ်။