ဆားလင်းကြီးနယ်က ဗိုလ်ချုပ်မွေးနေ့ တော်လှန်သံချပ်

ဒီကနေ့ ကျရောက်တဲ့ (၁၀၈)နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့ နယ်အတွင်းမှာ ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုသံချပ်နဲ့ စစ်အာဏာာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်ခဲ့ တယ်လို့သိရပါတယ်။

အဲ့ဒီသံချပ်နဲ့သပိတ် လှုပ်ရှားမှုကို မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂနဲ့လက်ပံတောင်းတောင်ပင် မသပိတ် တို့ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ကူညီစီစဉ်လုံခြုံရေးယူပေးခဲ့ကြတယ်လို့ သိရပါတယ်။