ကချင်ပြည်နယ်က KNC ပါတီဥက္ကဋ္ဌဒေါက်တာအမ်ကောန်လ ပြန်လည်လွတ်မြောက်လာ

ကချင်ပြည်နယ်က ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)ဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လ(Dr. M Kawn La) ဒီနေ့ ဇန်နဝါရီ ၄ရက်နေ့မနက်ပိုင်းမှာ  မြစ်ကြီးနားအကျဉ်းထောင်ကနေပြန်လည်လွတ်မြောက်လာကြောင်း သိရပါတယ်။

ဒေါက်တာအမ်ကောန်လ ဟာ ပြန်လည်လွတ်မြောက်ဖို့ လပိုင်းအလိုမှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းမှာပါဝင်လာတာဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

သူ့ကိုတော့ စစ်ကောင်စီက စစ်တပ်ကို ဝေဖန်ပြောဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှာ နေပြည်တော်မှာ ဖမ်းဆီးပြီးပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့တာပါ။

အဲဒီနောက် သူကိုမြစ်ကြီးနား အကျဉ်းထောင်ကို ပြောင်းရွေ့ပေးခဲ့တာလို့ သိရပါတယ်။