စစ်တပ်နဲ့ ဒေသကာကွယ်ရေးအင်အားစုတွေ စစ်ရေးတင်းမာနေပြီး စစ်ကြောင်းထိုးခံရတာတွေ ရှိနေပေမယ့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ မြို့နယ်အတွင်း ဒေသခံပြည်သူတွေဟာ ဒီဇင်ဘာ (၁၃) ရက် ဒီကနေ့ညပိုင်းမှာ ဆီမီးထွန်းပြီး စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။
“အခြေအနေကတော့ တော်တော်ဆိုးတယ်၊ အထုပ်တခါတည်း ပြင်ထားရတာ” လို့ ကလေးမြို့လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး သပိတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒီကနေ့သပိတ်မှ ာပါဝင်သူတွေက ဆီမီးထွန်းကာ ကျဆုံးသွားတဲ့ နွေဦးသူရဲကောင်းတွေအတွက် အလေးပြု ဆုတောင်းတာတွေ ပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းဟာ အာဏာသိမ်းပြီးကတည်းက စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန့်ကျင်သပိတ်မှောက်လာတာ ရက်ပေါင်း (၆၇၅) ရက်ရှိခဲ့ပြီဖြစ်ပါတယ်။