နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ နိုဝင်ဘာ ၆ရက်နေ့က နွေဦးတော်လှန်ရေး ရံပုံငွေ ဘောလုံးပြိုင်ပွဲနဲ့ ရိုးရာ အစား အစာဈေးရောင်းပွဲ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီပြိုင်ပွဲမှာ နယ်သာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ ဂျာမဏီနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ပါဝင် ယှဉ်ပြိုင်ခဲ့ ကြတာပါ။ဘောလုံးပြိုင်ပွဲနဲ့ မြန်မာ့ရိုးရာအစားအစာဈေးရောင်းပွဲကနေ ရရှိလာတဲ့ ရံပုံငွေတွေကို ပြည်တွင်းက စစ်ဘေး ရှောင်ပြည်သူတွေဆီ ပေးပို့သွားမှာြဖစ်တယ်လို့သိရပါတယ်။
ကရုဏာမြန်မာ နယ်သာလန်အဖွဲ့က စီစဉ်ပြုလုပ်တဲ့ အဲ့ဒီရံပုံငွေ ရှာဖွေရေး အစီအစဉ်ကို နယ်သာလန်၊ ဂျာမဏီ၊ပြင်သစ်နဲ့ ဘယ်ဂျီယံနိုင်ငံရောက် မြန်မာနိုင်ငံသား နှစ်ရာဝန်းကျင် လာရောက်ပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။