မုံရွာ-အရာတော်လမ်းမှာ မိုင်းဆွဲခံရပြီး စစ် ကောင်စီ ဗိုလ်တဦးအပါအဝင်ဆယ့်သုံးဦး ထက်မ နည်းသေ

Photo -CJ
စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း မုံရွာ-အရာတော် လမ်းမှာ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (GPDF) အဖွဲ့အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီယာဉ် (၂)စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး (၁၃) ဦးထက်မနည်းသေဆုံးတယ်လို့ မုံရွာပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးက DNAကို ပြောပါ တယ်။
မုံရွာမြို့ကနေအရာတော်မြို့ကိုသွားတဲ့လမ်းပိုင်းမှာ အောက်တိုဘာ (၂၅)ရက်ကစစ်ကောင်စီတပ်ကို အင် အားဖြည့်ဖို့လာတဲ့ စစ်ကားတစ်စီးနဲ့ စစ်ဗိုလ်တ ဦး လိုက်ပါလာတဲ့ အိမ်စီးကားတစီးကို မိုင်းဆွဲတိုက် ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“မနေ့ကတစ်ရက်တည်း နှစ်စီးတိုက်ခိုက်ခဲ့တာပါ ၊ သူတို့လမ်းကြောင်းရှိလို့ပါ၊ပြီးတော့လကုန်ခါနီးတိုင်း သူတို့ စစ်ကြောင်းထိုးတယ်ခင်ဗျ၊MR2ကားမှာ ငါးယောက်ပါပြီး စစ်ကားမှာ အင်အား အပြည့်ပါ တယ်၊ဆယ်ဦးကျော်သေတယ်လို့သတင်းပေးမှုအရသိရတယ်၊ လက်ရှိမှာလည်း အရာတော် လမ်း ပိုင်း မှာစစ် ကားတွေသွားနေတယ်၊မုံရွာဘက်ခြမ်းတော့ မရောက်ဖြစ်သေးဘူး” လို့ မုံရွာပြည်သူ့ကာ ကွယ် ရေး တပ်ဖွဲ့ (GPDF) အဖွဲ့ဝင်ကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအင်အားအပြည့် လိုက် ပါလာတယ်ဆိုတဲ့စစ်တပ်သယ်ယူပို့ဆောင်ရေးကားကို မိုင်းလေးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ရိက္ခာ လာပို့တဲ့အိမ်စီးကားကတော့ မိုင်းထောင် ထားတဲ့ နေရာမှာရပ်မိပြီး အပင်ကပ်မိုင်းထိမှန်ခဲ့တာလို့ ဆိုပါတယ်။
ပေါက်ကွဲမှုတွေကြောင့် စစ်ကောင်စီတပ်က ပစ် ခတ်တာတွေရှိပေမယ့် တိုက်ခိုက်မှုလုပ်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအထိအခိုက်မရှိဘူးလို့သိရပါတယ်။
မုံရွာ-အရာတော်လမ်းပိုင်းမှာ အောက်တိုဘာ (၂၅) ရက်မနက်ပိုင်းကစစ်ကောင်စီတပ်သားတွေကင်းပုန်းဝပ်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေက မုံရွာ-အရာတော်လမ်းကိုပိတ်ထား ကြောင်းဒေသခံပြည်သူတွေကိုအသိပေးပြီးနောက် ရိက္ခာနဲ့တပ်ဖွဲ့ဝင် အင်အားလာကူတဲ့ကားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုတွေကို မုံရွာပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ (GPDF)၊ Red Eagle People Defence Force၊ မဟာမိတ်များပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ Danger Force နဲ့သပြေညို ပြောက်ကျား အဖွဲ့တို့ပူး ပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေ ဆုံးထိခိုက်မှုအရေအတွက်ကိုတော့ DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်က လည်းသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။