ဧရာဝတီတိုင်းက ထောင်တွေ မှာ ထောင်ဝင်စာပို့ခွင့်ပိတ်ပြီး လုံခြုံရေးတိုးမြင့်

ရန်ကုန်မြို့က အင်းစိန် အကျဥ်းထောင်တွင်းမှာ ဗုံးပေါက်ကွဲခဲ့ပြီးနောက် ပုသိမ် အကျဥ်းထောင် အပါအဝင် ဧရာ ဝတီတိုင်း အတွင်းက ထောင်တွေအားလုံးမှာလုံခြုံရေး တိုးမြင့်လိုက်ပြီး ထောင်ဝင်စာ ပို့ခွင့်ပိတ်လိုက်တယ်လို့ အကျဉ်းထောင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“ဧရာဝတီက ထောင်တွေမှာ က ဒီနေ့ မွန်းလွဲပိုင်းကစပြီး ရက်အကန့်အ သတ် မရှိထောင်ဝင်စာ ပို့ခွင့်ပိတ် လိုက် တယ်” လို့ အကျဥ်းဦးစီး ဌာန နဲ့ နီးစပ်တဲ့သတင်း ရင်းမြစ်တခုကပြောပါတယ်။
အင်းစိန်အကျဥ်းထောင်အရှေ့မှာ ဒီကနေ့အောက်တိုဘာ ၁၉ရက် နံနက် ၉ နာရီခွဲဝန်း ကျင်က ဗုံးပေါက်ကွဲမှု နှစ် ကြိမ်ဖြစ်ခဲ့ကာ လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီးနောက် ပုသိမ်ထောင် အပါအဝင် ဧရာဝတီတိုင်းက အကျဉ်းထောင် ငါးခုကို စစ်ကောင်စီက လုံခြုံ ရေး တိုးမြှင့်ပြီး ထောင်ဝင်စာပို့ခွင့် ပိတ်လိုက်တာပါ။
ရုတ်တရက် ထောင်ဝင်စာ ပို့ခွင့် ပိတ်လိုက်တာကြောင့် ထောင်ထဲက အကျဥ်းသားတွေထံ ကို အနယ်နယ် အရပ် ရပ်က ထောင်ဝင်စာ ပို့ တဲ့ မိသားစု တွေမှာ အခက်အခဲတွေ ဖြစ်ခဲ့ရတယ်လို့ အကျဉ်းသားတွေရဲ့ မိသားစုဝင် တွေက ပြောပါတယ်။
“ဒီနေ့ ကဗုဒ္ဓဟူးနေ့ ဆိုတော့ ငပုတောမြို့ နယ်ထဲက တောရွာဘက်ကနေ ကုန်းတတန်ရေတတန်နဲ့ ထောင်ဝင် စာလာပို့ ရတာပါ၊အခု ပို့ခွင့် မရဘူး၊ရက်အကန့်အသတ်မရှိ ပိတ်တယ် သိရတော့ ရင်ထဲဆို့ သွားတာပဲ” လို့ သားဖြစ်သူ ထံ ထောင်ဝင်စာလာပို့ တဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသမီး တစ်ဦးက DNA ကို ပြောပါတယ်။
ဧရာဝတီတိုင်း ထဲက ထောင်တွေမှာ ထောင်ဝင်စာ ပို့ခွင့်ကို တပတ်တကြိမ်နဲ့ တစ်လမှာ လေးကြိမ်ခွင့်ပြုခဲ့ရာကနေ ဒီကနေ့ကစပြီး ရက်အကန့် အသတ် မရှိ ပိတ်ခံရတာပါ။
စစ်ကောင်စီဟာ ပုသိမ်ထောင်မှာ ထောင်ဝင်စာပို့ခွင့် ကိုပိတ်လိုက်ရုံ သာမကထောင်တွင်း ထောင်ပြင် လုံခြုံရေး ကို တိုးမြင့်ထားလိုက်ပြီး နှစ်ကြီး နိုင်ငံရေး အကျဥ်းသား အချို့ နဲ့ အရေးကြီးတဲ့ နိုင်ငံရေး အကျဥ်းသားအချို့ ကို သီးသန့် ချုပ်နှောင်လိုက်ကာ စောင့်ကြည့်နေတယ် လို့လည်း သိရပါတယ်။
ဧရာဝတီတိုင်းက ခရိုင်မြို့ကြီး ၅မြို့ဖြစ်တဲ့ ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ဟင်္သာတမြို့ တွေ မှာ အကျဥ်း ထောင် တွေ ထားရှိပြီး ပုသိမ်အကျဥ်းထောင် တစ်ခုတည်းမှာပဲ ပုသိမ်ခရိုင် ခုနစ်မြို့နယ်က နိုင်ငံရေး အကျဥ်းသား အမျိုး သမီး ၄၀ ကျော် နဲ့ အမျိုးသား ၃၆၀ ကျော်ရှိနေတယ်လို့သိရပါတယ်။
ဒီကနေ့မနက်ပိုင်း အင်းစိန်အကျဉ်းထောင် ဗုံးပေါက်ကွဲမှုကြောင့် မန္တလေး အိုးဘိုထောင်မှာလည်း ထောင်ဝင်စာ ပို့ခွင့်ပိတ်လိုက်ပြီး နိုင်ငံတဝန်းကအကျဉ်းထောင်တွေအားလုံးမှာ ထောင်ဝင်စာပို့ခွင့်တွေပိတ်တယ်လို့ သတင်း တွေထွက်ပေါ်နေပါတယ်။
အဲ့ဒီလိုသတင်းထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ DNA က စုံစမ်းအတည်ပြုရာမှာ မြို့နယ်တချို့က အကျဉ်း ထောင် တွေမှာတော့ လက်ရှိအချိန်အထိ ထောင်ဝင်စာပို့ခွင့်ပိတ်ပင်တာ မရှိသေးဘူးလို့ သိရပါတယ်။