တောင်နီကျေးရွာအနီး စစ်ကောင်စီတပ် ခမရ (၁၀၄) တိုက်ခိုက်ခံရပြီး စစ်သား သုံးဦးသေဆုံး

ကရင်ပြည်နယ် ၊ သေ့‌ဘောဘိုကျေးရွာနဲ့ ဆုံဆည်းမြိုင်ကျေးရွာကြားမှာရှိတဲ့ တောင်နီကျေးရွာမှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ ခမရ (၁၀၄)ကို အောက်တိုဘာလ ၈ရက်နေ့ နေ့လည်ပိုင်းမှာ KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်းနဲ့ တပ်မဟာစစ်ကြောင်းတပ်ခွဲ(၂) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၃ဦးသေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
“မနေ့ကတော့ သူတို့ဘက်ကပြန်ပစ်ခတ်တာတော့မရှိဘူးဗျ၊ အခုကတော့ အကြမ်းဖက်စစ်ကောင်စီရှိတဲ့ တောင်နီကျေးရွာနားကတောင်ကုန်းပေါ့နော် အဲ့ဒီနားမှာ စစ်ရေးအရ ရင်ဆိုင်နေကြတယ်ဗျ၊ ပစ်ခတ်တာတွေတော့မရှိသေးဘူး” လို့ ကော်ပရာစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ မျိုးသူရကိုကိုက ပြောပါတယ်။
အခုလိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ၃ဦးသေဆုံးခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက် အကျအဆုံးမရှိခဲ့ဘူးလို့လည်း သိရပါတယ်။
အောက်တိုလာလ ၇ရက်နေ့ မနက်ပိုင်းကလဲ တောင်နီကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီ ခမရတပ်ရင်း (၁၀၄) ရဲ့ ကာကင်းကို ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က ထွက်ပြေးကြပြီး RBGကျည်တစ်ထောင့်နဲ့ ယမ်းတောင့်တစ်တောင့်၊ စားအိုးစားခွက်တွေ၊ ဖုန်းတစ်လုံးနဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ကျေးရွာထဲက ပြည်သူတွေဆီက ခိုးယူလုယက်ထားတဲ့ ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။