မိုးအဆက်မပြတ်ရွာသွန်းနေတဲ့ တစ်ပတ်တာအတွင်း အာဏာရှင်ဆန့်ကျင်ရေးဟောပြောပွဲ သပိတ်တွေရက် ဆက် ကျင်းပခဲ့တဲ့ ကလေးမြို့ပင်မသပိတ်အင်အားစုဟာ အောက်တိုဘာ (၇) ရက်ဒီကနေ့မှာတော့ မြို့ခံ ပြည်သူ တွေနဲ့ အတူ လမ်းမပေါ်ပြန်ထွက်လာပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးထိခိုက်မှာစိုးတဲ့ အ တွက် အမိုးအကာအောက်က ဟောပြောပွဲသပိတ်တွေပဲ လုပ်ခဲ့ရတယ်လို့ သပိတ်ဦးဆောင်သူတွေ ကပြောပါတယ်။
“ကျွန်တော်တို့တဖွဲ့လုံးဖျားတာပဲ၊ မိုးမိတာတွေရော၊ ပင်ပန်းတာတွေရောဆိုတော့၊ဒီနေ့ရာသီဥတုကောင်းတာနဲ့ ကျွန်တော်တို့လမ်းပေါ်ချီတက်တာပါ” လို့ သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။
ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းဟာ ဒီကနေ့မှာ “စစ်ကျွန်ပညာရေး သပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်သပိတ်မှောက်ဆန္ဒပြခဲ့ကြပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကိုသပိတ်မှောက်လာတာ ရက်ပေါင်း(၆၀၈)ရက်ရှိ ခဲ့ပြီဖြစ်ပါတယ်။