ချင်းတွင်းမြစ်ထဲမှာ တိုက်ခိုက်ခံနေရတဲ့ စစ်တပ်ထောက်ပို့ရေယာဉ်အုပ်စုက သုံးဆယ်ထက်မနည်းသေဆုံးခဲ့ပြီလို့ဆို

Photo – KLG PDF

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် အလုံဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီ ထောက်ပို့ရေယာဉ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေပူးပေါင်း တိုက်ခိုက်ခဲ့တာကြောင့် ဒီကနေ့အထိ စစ်ကောင်စီတပ်သား သုံးဆယ်ထက်မနည်းသေဆုံးခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာ တပ်ဖွဲ့ဝင် တစ်ဦးက DNA ကိုပြောပါတယ်။

ရေယာဉ်(၁၃)စီးပါဝင်တဲ့ အဲ့ဒီရေယာဉ်အုပ်စုဟာ အောက်တိုဘာ (၃)ရက်မှာ အလုံဆိပ်ကမ်းက စတင်ထွက်ခွာ ခဲ့တာဖြစ်ပြီး လမ်းတလျှောက် အကြိမ်ကြိမ်တိုက်ခိုက်ခံနေရတာပါ။ KLG-PDF အဖွဲ့ဝင်တွေ အပါအဝင် တခြားပူး ပေါင်းတပ်ဖွဲ့ဝင်တွေက ထပ်မံတိုက်ခိုက်လို့ ဒီကနေ့ သေဆုံးတဲ့ငါးဦးအပါအဝင် စုစုပေါင်း သုံးဆယ်လောက် သေ ဆုံးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

“ဒီနေ့တိုက်ပွဲမှာ ပူးပေါင်းအဖွဲ့ တွေက ကျွန်တော်တို့အထက်ကနေတိုက်တာဗျ၊ ကျွန်တော်တို့အဖွဲ့အပါ အဝင် တိုက်ပွဲ ငါးနေရာဖြစ်နေ တယ်၊ မင်းကင်းနယ်ထဲမှာလည်းတိုက်ပွဲဖြစ်နေတယ်” လို့ ကျောက်လုံးကြီး KLGတပ်မ ဟာ တပ်ဖွဲ့ဝင်က ပြောပါတယ်။

ဒီကနေ့တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမဲ့ မစိုးရိမ်ရအခြေအနေမှာ ရှိတယ်လို့ဆိုပါတယ်။ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်အဲ့ဒီထောက်ပို့ သင်္ဘောတွေဟာ အလုံဆိပ်ကမ်းကနေ ခန္တီးမြို့ဆိပ်ကမ်းထိ ဆန်တက်မှာ ဖြစ်တယ်လို့သိရပါတယ်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အဲ့ဒီရေယာဉ်အုပ်စုထဲက စစ်သင်္ဘောတစီး အောက်တိုဘာ (၃)ရက်က မီးလောင်ခဲ့ပြီးကျန်သင်္ဘောတွေက ခန္တီးထိ ဆက်သွားနေတုန်းပဲလို့ သိရပါတယ်။