ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ The Youth Force အဖွဲ့တို့ပူးပေါင်းပြီး လမ်းတံတားတွေပြုပြင်

Photo – TYF

မကွေးတိုင်း ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ The Youth Force ( Saw & Kyaukhtu) တို့ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ ဆောမြို့နယ်က ပျက်စီးနေတဲ့လမ်းတံတားတွေကို ပြုပြင်ဆောင်ရွက်နေတယ်လို့ TYF တာဝန်ခံ ကိုဇင်ကိုဝင်းက DNA ကိုပြောပါတယ်။

“ခုပြင်နေတဲ့လမ်းတံတားတွေက ဒေသခံပြည်သူတွေသွားလာနေတဲ့လမ်းတွေဖြစ်တယ်။ ပြည်သူတွေ အဆင်ပြေ အောင်ကျနော်တို့ ပြုပြင်ပေးတာပါ” လို့ သူကပြောပါတယ်။

တချို့လမ်းတံတားနေရာတွေအတွက် မြေတူးစက်တွေအပြင် လူအင်အားအများအပြားသုံးပြီး ပြင်ဆင်မှုလုပ်ရ တယ် လို့ သိရတယ်။ လမ်းတံတားပြင်ဆင်မူတွေအပြင် ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Delta News

Read Previous

ချင်းတွင်းမြစ်ထဲမှာ တိုက်ခိုက်ခံနေရတဲ့ စစ်တပ်ထောက်ပို့ရေယာဉ်အုပ်စုက သုံးဆယ်ထက်မနည်းသေဆုံးခဲ့ပြီလို့ဆို

Read Next

တော်လှန်ရေးခံယူချက်မရှိသူတွေ CDM မှာ မပါဝင်လာဖို့ စိစစ်သွားမယ်လို့ CDM တပ်မတော်သား တွေ ထုတ်ပြန်