တော်လှန်ရေးခံယူချက်မရှိသူတွေ CDM မှာ မပါဝင်လာဖို့ စိစစ်သွားမယ်လို့ CDM တပ်မတော်သား တွေ ထုတ်ပြန်

တော်လှန်ရေးခံယူချက်နဲ့ ယုံကြည်ချက်မရှိသူတွေ CDM မှာ မပါဝင်လာစေဖို့အတွက် စနစ်တကျ စိစစ်ဆောင် ရွက်သွားမယ်လို့ စစ်အာဏာရှင်တွေကို အကြမ်းမဖက်အာဏာဖီဆန်မှု (CDM) မှာ ပါဝင်ခဲ့ကြတဲ့ တပ်မ တော်သား အရာရှိ၊ စစ်သည်တွေက ဒီကနေ့ အောက်တိုဘာ (၇) ရက် မှာ သဘောထားထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ခမရ(၃၅၁) တပ်ယာယီတပ်ရင်းမှူး ဗိုလ်မှူးမျိုးမင်းထွန်းဟာ CDM ဝင်ခဲ့ပြီးမှ စက်တင်ဘာလကုန် ပိုင်းမှာ စစ်ကောင်စီထံပြန်ထည်ခိုလှုံခဲ့တဲ့ နောက်ဆက်တွဲအခြေအနေတွေနဲ့ပတ်သက်လို့ CDM တပ်မတော်သား တွေက အခုလို ထုတ်ပြန်တာလို့သိရပါတယ်။


ဗိုလ်မှူးမျိုးမင်းထွန်းရဲ့ ဖြစ်စဉ်ကြောင့် လက်ရှိ CDM တပ်မတော်သားတွေအပေါ် တော်လှန်ရေး အင်အားစုတွေ၊ ပြည်သူတွေအနေနဲ့ သံသယကြီးးထွားလာမှာနဲ့ တော်လှန်ရေး လုပ်ငန်းစဉ်အပေါ်ထိခိုက်မှုရှိလာမှာကို စိုးရိမ်မှု တွေရှိလာချိန်မှာ အခုလို ထုတ်ပြန်တာလည်းဖြစ်ပါတယ်။

“ပြည်သူလူထုကို ပြောချင်တာက လူတစ်ဦးတစ်ယောက်ချင်းအပေါ်ရဲ့ လုပ်ရပ်ကိုပဲကြည့်ပါ၊အကုန်လုံးအမျိုးမျိုး ဝိုင်းပြီးပြန် ထောက် ပို့နေတဲ့ တပ်၊ရဲ CDM တွေရှိတာဖြစ်တဲ့အတွက် ဒါတွေက သိမ်းကျုံးပြီးတော့ ပြော လို့မရပါဘူး၊ လူတစ်ဦးတစ် ယောက်ချင်း ခြေမ မကောင်းခြေမ၊ လက်မ မကောင်း လက်မပေါ့” လို့ CDM တပ်မ တော်သား တဦးဖြစ်တဲ့ ဗိုလ်မှူး ထင်လင်းအောင်က DNA ကိုပြောပါတယ်။

ဗိုလ်မှူးမျိုးမင်းထွန်းဟာ CDM ဝင်လာချိန်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မီဒီယာ တွေ ကို ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် စစ်ကောင်စီထံပြန်လည်ခိုလှုံပြီးချိန်မှာတော့ တော်လှန်ရေး အင်အား စုတွေ ကို ထိုး နှက်တိုက်ခိုက်တဲ့ ထွက်ဆိုချက်တွေပေးထားတာကို စစ်ကောင်စီက အခုရက်ပိုင်းအတွင်း ထုတ်ပြန်ထားပါတယ်။

အဲ့ဒီထွက်ဆိုချက်တွေနဲ့ပတ်သက်လို့ ဗိုလ်မှူးထင်လင်းအောင်ဟာ ပကတိအမှန်တရားတွေကို မျက်ကွယ်ပြုပြီး NUG အစိုးရ နဲ့CDM ထောက်ပံ့ရေးလုပ်ငန်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို ထိုးနှက်တိုက်ခိုက်လိုတဲ့ ရည် ရွယ်ချက်နဲ့ အကြမ်းဖက်စစ်ကောင်စီက မဟုတ်မမှန်လိမ်လည်ဝါဒဖြန့်ဖို့အမိန့်ပေးခဲ့တဲ့အတိုင်း ပြောဆိုခဲ့ တာ ကြောင့် ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်တယ်လို့ CDM တပ်မတော်သားတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်မှုးမျိုးမင်းထွန်းဟာ CDM မဝင်မီ စစ်ရေးအခြေအနေအရ အသက်ဆုံးရှုံးနိုင်တဲ့ အခြေအနေ၊ဒီပဲယင်းက ဆွေမျိုးတွေနေတဲ့ကျေးရွာတွေမှာ စစ်တပ်က အကြမ်းဖက်မီးရှို့ဖျက်ဆီးသတ်ဖြတ်နေ တာတွေကိုသိရှိပြီး တဲ့အချိန်မှာ CDM ဝင်ဖို့ဆက်သွယ်လာတာဖြစ်ပြီး သူ့ရဲ့ ဇနီးဖြစ်သူ NON CDM ကျောင်းအုပ်ကတော့ CDM ဝင်ဖို့ ငြင်းဆန်းထားတယ်လို့ အဲ့ဒီထုတ်ပြန်ချက်ကဆိုပါတယ်။

“ဒီလိုလူမျိုးက တော်လှန်ရေးအတွက်လည်း ဘာမှအသုံးမဝင်ဘူး၊ တော်လှန်ရေးကိုတော့ တစုံတရာ ထိခိုက် နိုင်စရာအကြောင်းမရှိပါဘူး၊ တော်လှန်ရေးအတွက်တော့ အမှန်အတိုင်းပြောရရင် ဆွမ်းဆန်ထဲက ကြွက်ချေး ပေါ့နော်၊ စုန်းပြူးထွက်သွားလေ တော်လှန်ရေးက ပိုသန့်လေပေါ့” လို့ CDM ဗိုလ်မှူး ထင်လင်းအောင်က ဝေဖန်ပါတယ်။

ပြည်သူဘက်ကို ပူးပေါင်းလာတဲ့ ဗိုလ်မှူးမျိုးမင်းထွန်းကို CDM တပ်မတော်သားတွေနဲ့အတူ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) အပါအဝင် ပြည်သူတွေကလည်း လိုအပ်တဲ့ထောက်ပံ့မှုတွေကိုဖြည့်ဆည်းပေးခဲ့ပြီး မကြာ မီကာလအတွင်း တတိယနိုင်ငံကိုသွားရောက်ခိုလှုံဖို့ အခွင့်အရေးရရှိထားပြီးသူဖြစ်တယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီလက်အောက်ပြန်လည်ခိုလှုံသွားတာတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ CDM တပ်မတော်သားတွေ အနေနဲ့ အမှန်အတိုင်းသိရှိဖို့အတွက် ပြည်သူနဲ့ပူးပေါင်းရပ်တည်နေတဲ့ တပ်မတော်သားအမာခံအ တွင်းလူတွေရဲ့ အကူအညီနဲ့ ပူးပေါင်းပါဝင်တဲ့သူအားလုံးကို စုံစမ်းနေတယ်လို့ဆိုပါတယ်။

တော်လှန်ရေးအောင်မြင်ဖို့ လမ်းစတစ်ခုဖြစ်တဲ့ CDM ကြိုဆိုလက်ခံရေးနဲ့ ထောက်ပံ့ရေးလုပ်ငန်းတွေကို ပြည်သူ တွေရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး CDM တပ်မတော်သားစစ်စစ်တွေအနေနဲ့ တော်လှန်ရေး အောင်မြင်ဖို့ ပိုမိုကြိုးစားသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်ကို ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်းအဖွဲ့၊ People’s Soldiers Defense Force နဲ့ Breaking Brain Washed အဖွဲ့တို့က ပူးပေါင်းထုတ်ပြန်တာဖြစ်ပါတယ်။

ဗိုလ်မှူး မျိုးမင်းထွန်း စစ်ကောင်စီလက်အောက်ပြန်လည်ခိုလှုံသွားပြီးနောက် အခုရက်ပိုင်းအတွင်းမှာပဲ တော် လှန်ရေးကာလအစောပိုင်းကတည်းက CDM ဝင်ထားတဲ့ တပ်ကြပ်ကြီး ဖြိုးဝေဦးနဲ့ ဇနီးမခင်သွယ်၊ သားဖွား တပ် ကြပ်ကြီး ဒေါ်စန္ဒာဌေးတို့ဟာလည်း လက်ရှိနေထိုင်ရာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ စစ်ကောင်စီနဲ့ ပြန်လည် ဆက်သွယ်ဖို့ ထွက်ခွာသွားတယ်လို့ CDM ဗိုလ်ကြီး Captain Zero ကအသိပေးထားပါတယ်။