ရန်ကုန်မြို့တော်ခန်းမအနီး မဟာဗန္ဓုလလမ်းပေါ်မှာ ဒီကနေ့ နေ့လယ်ကအထုတ်တစ်ထုတ်တွေ့ရှိတာကြောင့် စစ်ကောင်စီ တပ်တွေက လမ်းပိတ်စစ်ဆေးရာမှာ ဗုံးဖြစ်နေလို့ ဖောက်ခွဲခဲ့တယ်လို့ မြို့တော်ခန်းမအနီးရှိနေ သူတချို့က DNA ကိုပြောပါ တယ်။
“အထုတ်တစ်ထုတ် လမ်းပေါ်ကျနေတာကို သူတို့သွားကြည့်ပြီးတာ့ လမ်းပိတ်လိုက်တာ၊ မဟာဗန္ဓုလလမ်းနဲ့ ပန်း ဆိုးတန်းလမ်းဆုံကနေစပိတ်ပြီး အဲ့ဒီအထုတ်က ဗုံးဖြစ်နေတာကြောင့် အဲ့ဒီနေရာမှာတင်ဖောက်လိုက်တာ၊ ပေါက် ကွဲသံနှစ်ချက်ဆိုတော့ ဗုံးနှစ်လုံးလို့တော့ ထင်တာပဲ”လို့မြို့တော်ခန်းမအနီး နေထိုင်သူ တဦးက ပြောပါတယ်။
တွေ့ရှိတဲ့ဗုံးကို စစ်ကောင်စီတပ်တွေက မဖောက်ခွဲခင်မှာ ၃၇လမ်း၊၃၈လမ်းနဲ့မြို့တော်ခန်းမတစ်ဝိုက်ကို အရပ်ဝတ် တွေနဲ့လှည့်လည်စစ်ဆေးတာတွေ၊ကင်းပုန်းဝတ်တာတွေကို လုပ်ဆောင်ပြီးမှ ဖောက်ခွဲခဲ့တာလို့လည်း ဆိုပါတယ်။
ဗုံးတွေကိုဖောက်ခွဲခဲ့အပြီး နာရီပိုင်းအကြာ ညနေလေးနာရီဝန်းကျင်မှာ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေးခဲ့ တယ်လို့ သိရပါတယ်။အဲ့ဒီဖောက်ခွဲမှုကြောင့် တစ်စုံတရာထိခိုက်မှုမရှိပေမယ့် လမ်းပိတ်ထားခဲ့တာကြောင့် ခရီး သည်ပြည်သူတွေအနေနဲ့ အခက်အခဲတချို့ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။