ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ အမှတ် ၂ ရပ်ကွက် ကမ်းနားလမ်းရှိ အဆင့်မြင့် ကုန်စည်ဒိုင် အဆောက်အအုံက Mytel မိုင်တဲဆက်သွယ်ရေးရုံးရှေ့ မှာ ဒီနေ့အောက်တိုဘာ ၂ ရက်နေ့ ည၈ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ဝုန်း ဆိုတဲ့ အသံက အိမ်တောင်တုန်သွားတယ် ခဏကြာတော့ စစ်တပ်နဲ့ရဲတွေရောက်
ပြီး ကမ်းနား လမ်းမကြီးကို ပိတ်ပြီးစစ်ဆေးတာတွေ လုပ်ကြတယ်” လို့ မိုင်တဲရုံးရှေ့ သမတ ရပ်ကွက်နေသူ တစ်ဦးက DNA ကို ပြောပါတယ်။
ဗုံးပေါက်ကွဲသံကို ပုသိမ်မြို့ တဖက်ကမ်း အမှတ် ရပ်ကွက် ၉ ရပ်ကွက် အထိ ကြားရတယ်လို့ ဆိုပါတယ်။
ရုံးရှေ့ ပလက်ဖောင်းပေါ် မှာ ပေါက်ကွဲတာဖြစ်ပြီး ပရုံးရှေ့ပိုင်း မျက်နှာစာ အနည်းငယ် ထိခိုက်ပျက်စီး သွားပေမယ့် လူ ထိခိုက်တာ မရှိဘူးလို့ ရဲတပ်ဖွဲ့နဲ့ နီး စပ်သူအချို့ဆီက သိရပါတယ်။
စစ်တပ်နဲ့ ရဲက အဲဒီရုံးနားမှာရှိတဲ့ KBZ ဘဏ်၊ KBZ PAY CENTER ၊ နဲ့ AYA ဘဏ် က CCTV မှတ် တမ်းတွေကိုလိုက်လံသိမ်းသွားပါတယ်လို့လည်း မြို့ခံတွေက ဆိုကြပါတယ်။
ပုသိမ်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလက ရဲဝန်ထမ်း အိမ်ယာရှေ့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပါသေးတယ်။