ရာသီဥတုကြောင့်အရေးပေါ်နေရာပြောင်းလိုက်ရတဲ့ ကလေးမြို့သပိတ်

Photo- CJ

ကလေးမြို့မှာ ဒီကနေ့တနေကုန်မိုးသည်းသည်းထန်ထန်ရွာသွန်းနေလို့ ပုံမှန်အားဖြင့် လှည့်လည်ချီတက်လေ့ရှိတဲ့ ကလေးမြို့ပင်မသပိတ်ကို အရေးပေါ်နေရာပြောင်း လုပ်ခဲ့ရတယ်လို့သိရပါတယ်။

“မိုးရွာထဲလဲသွားကြတာပဲ၊ အချိန်ကကြိုပြောထား

ပြီးသားဆိုတော့ အချိန်ကပြောင်းလို့မရဘူး” လို့ သပိတ်အင်အားစုဝင်တစ်ဦးကပြောပါတယ်။

ပျက်ရက်မရှိစစ်အာဏာရှင်ကိုဆန့်ကျင်နေတဲ့ ကလေးမြို့နယ်ပြည်သူတွေဟာ တနေကုန်မိုးရွာသွန်းနေတဲ့ ဒီ​ကနေ့မှာခန်းမဆောင်တစ်ခုအတွင်း ဟော​ပြောပွဲသပိတ်ကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့ သပိတ်အင်အားစုတွေဆီကသိရပါတယ်။

အခမ်းအနားမှာ တော်လှန်ရေးကာလမှာကျဆုံးခဲ့တဲ့အာဇာနည်တွေကိုအလေးပြုပြီး CDM ဝန်ထမ်းတွေကိုလည်း လက်ခုပ်တီးဂုဏ်ပြုခဲ့ကြပါတယ်။ အခမ်းအနားကိုတက်ရောက်လာတဲ့ သပိတ်အင်အားစုတွေနဲ့ပြည်သူတချို့ကအာဏာရှင်ဆန့်ကျင်ရေး ဟောပြောမူတွေပြုလုပ်ခဲ့ကြပါတယ်။

 

ကလေးမြို့ပင်မသပိတ်ဟာ ခုရက်ပိုင်းအတွင်း လုံခြုံရေးတင်းကျပ်မူအပြင် ရာသီဥတုအဟန့်အတားကြားက ၆၀၃ ရက်မြောက်စစ်အာဏာရှင်ဆန့်ကျင်သပိတ်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။