CDM ဝန်ထမ်းတွေနဲ့ ကျဆုံးသူရဲကောင်းတွေကို ဂုဏ်ပြုခဲ့တဲ့ ကလေးမြို့သပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ကလေးမြို့နယ်ပြည်သူတွေပူးပေါင်းပြီး စက်တင်ဘာလ ၁၀ ရက် ဒီကနေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်မှာ နွေဦးတော်လှန်ရေးမှာကျဆုံးခဲ့ တဲ့သူရဲ ကောင်းတွေကိုအလေးပြုပြီး ပြည်သူ့ CDM ဝန်ထမ်းတွေကိုလည်း လက်ခုပ်တီးဂုဏ်ပြုခဲ့ ကြပါတယ်။
“တော်လှန်ရေးမှာ အရေးကြီးတဲ့အနေနဲ့ ပါဝင်ခဲ့တဲ့ကျွန်တော်တို့ရဲ့ ပြည်သူ့ဝန်ထမ်းသူရဲကောင်း တွေကို လုံးဝမေ့မထားဖို့နဲ့ CDM သူရဲကောင်းတွေကို ပြည်သူလူထုအနေနဲ့တတ်နိုင်တဲ့ကူညီမှု မျိုး တွေလုပ် ပေးနိုင်ဖို့ပါ” လို့ အဲ့ဒီလိုဂုဏ်ပြုခဲ့တာနဲ့ပတ်သက်ပြီး သပိတ်ခေါင်းဆောင်လူငယ်တစ်ဦးက ရှင်းပြပါတယ်။
စက်တင်ဘာလအတွင်း ကလေးမြို့မှာ Kalay PDF မြို့ပြစစ်ဆင်ရေးအဖွဲ့က မြို့တွင်းတိုက်ခိုက်မှု တွေလုပ်နေသလို ကလေးမြို့ပင်မသပိတ်စစ်ကြောင်းကလည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ပျက်ရက်မရှိဆင်နွဲနေကြတာဖြစ်ပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်ကိုပျက်ရက် မရှိ သပိတ်မှောက်လာတာ ၅၈၁ ရက်ရှိပြီဖြစ်ပါတယ်။