တမူး PDF တပ်ရင်း (၃)က တပ်သားလေးဦးကို ရာသက်ပန်ထုတ်ပယ်

ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) တမူးမြို့က တပ်စည်းကမ်းမလိုက်နာပဲ ဆန္ဒအ လျောက် ထွက်ပြေးသွားတဲ့ တပ်သားလေးဦးကို ရာသက်ပန်ထုတ်ပယ်လိုက်တယ်လို့ အဲ့ဒီတပ်ရင်း ပြန်ကြားရေး တာဝန်ခံက DNA ကိုပြောပါတယ်။

တပ်ရင်းကနေ ထွက်ပြေးသူတွေဟာ ၊ စစ်ကိုင်းတိုင်းကမောင်ညီမင်းခန့်၊ မောင်ဟိန်းဖြိုးဦး၊ မောင်ရဲ ထက် ပိုင်နဲ့ မောင်ရန်နိုင်ဦး တို့ဖြစ်တယ်လို့ သိရပါတယ်။

တပ်ရင်းကနေထွက်ပြေးသွားမှန်းသိလို့ ပြန်ဆက်သွယ်ခေါ်ယူရာမှာ လက်မခံခဲ့လို့ ခုလို ကြေငြာချက် ထုတ်ပြန်လိုက်ရခြင်းဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

ဆန္ဒအလျောက် ထွက်ပြေးသွားတဲ့ တပ်သားလေးယောက်နဲ့ပတ်သက်ပြီး တပ်ရင်းကို အကြောင်းကြောင်းကြောင့် ပြန်လာရင် လည်း လက်ခံတော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။

“နောက်တစ်ခေါက်ထပ်မပြေးဘူးလို့လည်း ပြောမရဘူးလေ” လို့ ပြန်ကြားရေးတာဝန်ခံကပြောပါ တယ်။ ထွက်ပြေးသွားတဲ့ တပ်သားလေးယောက်ဟာ တပ်တွင်းမှာနေစဥ် စည်းကမ်းဖောက်ဖျက်တာ မျိုးတော့ မရှိဘူးလို့ သူကပြောပါတယ်။

ထွက်ပြေးသွားတဲ့ တပ်သားလေးဦးနဲ့ ပတ်သက်ပြီး ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက တာဝန်ယူ ဖြေရှင်းပေးမှာ မဟုတ်ဘူးလို့လည်း တမူးPDF တပ်ရင်း(၃)ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ နောက်နောင် အခုလိုကိစ္စတွေထပ်မံပေါ်ပေါက်လာရင်လည်း “ကျွန်တော်တို့ တပ်ရင်းရဲ့ သတင်းအချက် အလက် လုံခြုံမှုအရ အခုလိုပဲလုပ်ဆောင်သွားမှာ” လို့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။