စစ်အာဏာရှင်ကို ပျက်ရက်မရှိ ဆန့်ကျင် ဆန္ဒပြနေတဲ့ ကလေးမြို့နယ်သပိတ်

Photo- CJ

ကလေးမြို့ပင်မသပိတ်ကော်မတီနဲ့မြို့ခံပြည်သူတွေဟာ စစ်အာရှင်ကို ပျက်ရက်မရှိဆန့်ကျင်ဆ န္ဒပြနေကြပါတယ်။

ရွှေဝါရောင်တော်လှန်ရေး ဆယ့်ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် မနေ့က မြို့ခံပြည်သူ အများအပြားနဲ့ သပိတ်စစ်ကြောင်းထွက်ခဲ့သလိုဒီက​​နေ့ညနေပိုင်းမှာလည်း “ကလေးပါမကျန် သက်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ် ” စာတန်းကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

 ရွှေဝါရောင်တော်လှန်ရေး ဆယ့်ငါးနှစ်ပြည့် အထိမ်းအမှတ်သပိတ်မှာ သံဃာတော်တွေအပါအဝင် ပြည်သူအ များအပြားပူးပေါင်းပါဝင်ပြီး မေတ္တာသုတ်ရွတ်ဆိုတာ၊ ရွှေဝါရောင်တော်လှန်ရေးကာလနဲ့နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ ပြည်သူတွေအတွက် ဆုတောင်းမေတ္တာပို့သတာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။

“သမိုင်းကိုမေ့မထားကြဖို့ နှစ်ပတ်လည်နေ့မှာ အောက်မေ့ဖွယ်အဖြစ် လုပ်ဆောင်တာပါ” လို့ ရွှေဝါရောင် တော်လှန်ရေးအထိမ်းအမှတ်သပိတ်နဲ့ပတ်သက်ပြီး လူငယ်သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။

မြို့ခံပြည်သူတွေ၊ ကျောင်းသူကျောင်းသားတွေအားလုံးဟာ စစ်အာဏာရှင်ကိုတော်လှန်ဆန့်ကျင်ရာမှာ တသွေးတသားတည်းဖြစ်နေပြီလို့ အမျိုးသမီးသပိတ်ခေါင်းဆောင်တစ်ဦးကဆိုပါတယ်။

ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်စနစ်ကိုပျက်ရက်မရှိ သပိတ်မှောက်ဆန္ဒပြ လာတာရက်ပေါင်း(၅၉၇)ရက်ရှိခဲ့ပါပြီ။