အညတရ တော်လှန်ရေးစာစဉ် ရန်ကုန်ပြည်သူလူထုကို ဖြန့်ဝေ

ဒီနေ့စက်တင်ဘာလ ၂၁ ရက်နေ့မှာ လူငယ်များသမဂ္ဂ – ဗဟိုမှ ဦးစီးပြီး လူငယ်များသမဂ္ဂ _ပုသိမ် ၊ လှိုင်သာယာမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ ၊ ထားဝယ်မြို့နယ်ကိုယ်ပိုင်ကျောင်း ကျောင်းသားများ သမဂ္ဂ တေThis is some textာ်လှန်ရေး ညီနောင်တို့ပူးပေါင်းထုတ်ဝေတဲ့ “အညတရ တော်လှန်ရေး စာစဉ်တွေကို ရန်ကုန်မြို့‌နေရာအနှံ့မှာ ဖြန့်ချီခဲ့တယ်လို့ လူငယ်များသမဂ္ဂ – ဗဟိုမှထုတ်ပြန်ပါတယ်။
တော်လှန်ရေးမှာ ပြည်သူလူထုဟာ အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်ပြီး နွေဦးတော်လှန်ရေးဟာ အာဏာရှင်စနစ်တစ်ရပ်လုံး အမြစ်ဖြတ်ရမယ့် အချိန်အခါကောင်းတစ်ရပ်ဖြစ်တာကြောင့် အတွေးအခေါ် တော်လှန်ရေးကလည်း တစ်ထောင့်တစ်နေရာမှ အရေးပါလျက်ရှိတာကြောင့်ခုလိုတော်လှန်ရေးစာစဉ် တွေဖြန့်ဝေတာလို့ဆိုပါတယ်။