စက်တင်ဘာလ (၁၄) ရက်နေ့ မနက်ပိုင်းက မကွေးတိုင်း မြိုင်မြို့နယ်ရှိ well 2 ရေနံမြေ ရဲကင်းစခန်းကနေ ကင်းပတ် ထွက်လာတဲ့ ရဲ (၈) ဦးကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က ခြုံ ခိုတိုက်ခိုက်ရာ ရဲတယာက် သေဆုံးပြီး နောက်တဦးမှာ ပြင်းထန်ဒဏ်ရာရရှိ သွားတယ်လို့ Myaing Villages Revolution Front က အတွင်းရေးမှူး ကိုတင့်က DNA ကိုပြောပါတယ်။
“ဟုတ်ကဲ့ အဲ့ဒီဖြစ်စဉ်က မနေ့က ၁၄ ရက်နေ့ နေ့ နံနက် ၁၁ နာရီ ဝန်းကျင်မှာ Well-2 စခန်းကနေ လှည့်ကင်းထွက်လာတဲ့ ရခ ရှစ်ကောင်ကို ကျနော်တို MVRFရဲဘော်တွေက တောင်စုံ ရွာအနီးမှာချုံခိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။
တိုက်ခိုင်မှုကြောင့် သေဆုံးသွားတဲ့ ရဲတပ်သားဟာ ရှင်းခန့်သူ၊ ကိုယ်ပိုင်အမှတ် လ ၂၇၉၀၂၃ ကိုင်ဆောင်သူဖြစ်ပြီး သူ့ဆီကနေ G3 တလက်၊ကျည် ၁၁၅ တောင့်၊ဘောက်အပို တခု ၊ ငွေသား ၁ သိန်းကျော် သိမ်းဆည်းရမိခဲ့တယ်လို့ MVRF ကထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုကို ပခုက္ကူခရိုင်တပ်ရင်း အမှတ်( ၆ ) – MVRF နဲ့ Eagle Fighter( MVRF အဖွဲ့ဝင်) အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသကာကွယ်ရေးပူးပေါင်း အဖွဲ့က ရဲဘော်တဦး ဒဏ်ရာရရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။