သုံးရက်ဆက် တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမှာ ကျည်ဆံအရေးပါ်လိုအပ်နေတယ်လို့ မိုးဗြဲ PDFဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊မိုးဗြဲမြို့နယ်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေသုံးရက်ဆက် တိုက်ပွဲတွေပြင်းထန်နေပြီး ကျည်ဆံအရေးပေါ်လိုအပ်နေတယ်လို့ မိုးဗြဲ PDFက ထုတ်ပြန်အသိပေးပါတယ်။
“သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားလျှက်ရှိရာ စခများကို အပြတ်သတ်ချေမှုန်းနိုင်ရန်အတွက် နှုတ်ခမ်းနီ တောင့်များ အရေးတကြီးလိုအပ်နေပါသဖြင့် တတ်နိုင်သမျှ ပါဝင်ကူညီပေးကြဖို့ အထူးမေတ္တာရပ်ခံ တောင်း ခံအပ်ပါသည်”လို့ မိုးဗြဲ PDFက ထုတ်ပြန်ပြောဆိုထားပါတယ်။
မိုးဗြဲမြို့နယ်မှာ စက်တင်ဘာ ၈ရက်မနက်ပိုင်းက စပြီး မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ နေပြည် တော် PDF၊ KGZ ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေတာပါ။
မိုးဗြဲမြို့နယ်ဘက်ကို စစ်ကောင်စီဘက်က အင်အား တရာဝန်းကျင်နဲ့စစ်ကြောင်းထိုးလာတဲ့အတွက် ပူးပေါင်း အဖွဲ့ တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်တင်ဘာ (၉)ရက်အထိ စစ်ကောင်စီဘက်က သုံးဆယ် ကျော် သေပြီး ထိခိုက်ဒဏ်ရာရသူများကာ လက်နက်ခဲယမ်းတွေလည်း ဆုံးရှုံးခဲ့တယ်လို့ ကာကွယ်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲပထမနေ့ကတည်းက စစ်ကောင်စီဘက်က အထိနာခဲ့တာကြောင့် မိုးဗြဲမြို့အနီးတဝိုက်ကို လက်နက် ကြီး၊ လေကြောင်းနဲ့ တိုက်ခိုက်မှုတွေ စစ်ကောင်စီဘက်က လုပ်နေပြီး ဒီကနေ့အထိ တိုက်ပွဲတွေဆက်ပြင်း ထန်နေတာ ဖြစ်ပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီက ဒေသခံတွေကို ဓားစားခံအဖြစ်ဖမ်းဆီးတာတွေရှိသလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် သက်ကြီးအမျိုးသားတဦးထိခိုက်ဒဏ်ရာရပြီး ရှစ်နှစ်အရွယ်ကလေး တဦးကတော့ သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF ကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လက်နက်ကြီးထိမှန်လို့ ဒေသခံတွေရဲ့ နေအိမ်နဲ့အဆောက်အအုံတွေထိခိုက်ပျက်စီးတာတွေလည်း ရှိနေပါတယ်။ဒီကနေ့ စက်တင်ဘာ ၁၀ရက်တိုက်ပွဲအခြေအနေနဲ့ နှစ်ဖက်ထိခိုက်သေဆုံးမှုကိုတော့ ဒေသ ကာကွယ်ရေးအဖွဲ့တွေနဲ့အဆက်အသွယ်မရသေးတဲ့အတွက် မသိရသေးပါဘူး။