ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ကနေ လွတ်မြောက်နယ်မြေကိုထွက်ခွာပြီး တော်လှန်ရေးအတွက် ရှေ့တန်းမှာ တိုက်ပွဲဝင်နေသူ ဆယ်ဦးကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အခုလဆန်းပိုင်းမှာ ဂုဏ်ပြုငွေပေးခဲ့တယ်လို့ သိရပါတယ်။
“တောတွင်းမှာရှိတဲ့ရဲဘော်တွေကို ဂုဏ်ပြုငွေပေးအပ်တာ ဒါပထမဦးဆုံး” လို့ ဂုဏ်ပြုငွေလက်ခံရရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း (၃၇၀၂) က ကိုအောင်ကြီးက ပြောပါတယ်။
ရွှေပြည်သာမြို့နယ်ကနေ ရှေ့တန်းတနေရာမှာ လက်ရှိတာဝန်ထမ်းဆောင်နေသူ ဆယ်ဦးရှိနေတာကြောင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တဦးကျပ်တသိန်းစီနဲ့ ကျပ်ဆယ်သိန်း ဂုဏ်ပြုငွေပေးတာ ဖြစ်တယ်လို့ သိရပါတယ်။