ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိအမှု နှစ်ခုကို ချေဖျက်ခွင့်တင်

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်ရဲ့အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ နဲ့ စွဲဆိုထားတဲ့ အမှု ၂ ခု ကို ချေဖျက်ပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဆီကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေက ဇူလိုင်လ ၁၃ ရက်နေ့ ကတင်ထားတယ်လို့ သိရပါတယ်။
အခုချေဖျက်ခွင့် တင်ထားတဲ့ အမှုတွေဟာ စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က နိုင်ငံ တော်ရဲ့အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်ကို အမေရိကန်ဒေါ် လာ ၅သိန်း ၅ သောင်းပေးခဲ့ရ​တယ်လို့ ထွက်ဆိုထားတဲ့အပေါ် အကြမ်းဖက်စစ်အုပ်စုက အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှု ၂ မှု ဖွင့် ပြီး တရားစွဲဆိုနိုင်ဖို့ လုပ်ဆောင်နေတဲ့ အမှုတွေ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ချေဖျက်ခွင့်တင်ထားကို လက်ခံထားပေမယ့် ကြားနားဖို့အတွက်ကိုတော့ ပြည်ထောင်စု တရားလွှတ်တော်ရဲ့ အဆုံးအဖြတ်ကို စောင့်ရမှာ ဖြစ်တယ်လို့ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
“အမှုတင်တာလေးကို လက်ခံထားတာ၊ ဒီအမှုကို လက်ခံပြီး ကြားနာပေးရန်သင့်၊မသင့် ဆိုတာ အဲ့ဒါကို လက်ခံရန် သင့် မသင့် လို့ ခေါ်တာပေါ့ ။အဲ့ဒါက ဘယ်နေ့ ပြောရမလဲဆိုတာ မသိသေးဘူး” လို့ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
အခုလိုအမှုတွေကို ပြည်ထောင်စုလွှတ်တော်အနေနဲ့ အမှုခေါ်စာရင်းတွေအနေနဲ့ထုတ်ပြန်ကြေငြာလေ့ရှိပြီး ပုံမှန်အားဖြင့် အချိန် ၂ ပတ် ၃ ပတ်လောက်မှာ အမှုခေါ်စာရင်းပါတယ်လို့သိရပါတယ်။
နိုင်ငံတော်ရဲ့အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုပြီး ထောင်ဒဏ်တွေ ချမှတ်ထားတဲ့ အခြားအမှုတွေအတွက် အဆင့်ဆင့် အယူခံဝင်နေတယ်လို့ အဲ့ဒီ သတင်းရင်းမြစ်က ပြောပါတယ်။