မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့မှာရှိနေတဲ့ စစ်သားနဲ့ရဲတို့ကြား အရက်မူးရန်ဖြစ်ရာကနေ ရမ်းသမ်း ပစ်ခတ်တာကြောင့် လူ ၃ ဦးသေဆုံးခဲ့တယ်လို့ YDF Htilin Battalion-15 (Shwe Som Nyo) အဖွဲ့က ထုတ်ပြန်ပါတယ်။
ဇွန် ၂၆ ရက် ညနေ ၅ နာရီအချိန်က အကြမ်းဖက်စစ်အုပ်စု စစ်သားနဲ့ရဲတပ်သားတို့ အရက်သောက် မူးယစ်ရန်ဖြစ်ပြီး လက်နက်ကြီး၊လက်နက်ငယ်တို့နဲ့အပြန်အလှန်ပစ်ခတ်ကြတာကြောင့် နေအိမ်တစ်လုံး အပေါ်ကျရောက်ပေါက်ကွဲပြီး လူ ၃ ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံတွေပြာဆိုမှုအရ ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကျည်ဟာ ဦးအောင်သန်းဝင်းရဲ့ နေအိမ်ပေါ်ကျရောက် ပေါက်ကွဲပြီး သူအပါအဝင်ထွေအုပ်ဝန်ထမ်းဇနီးဖြစ်သူနဲ့ သမီးဖြစ်သူ တိရိစ္ဆာန်ဆးကုဆရာဝန်တို့ သေဆုံးခဲ့တာဖြစ်လို့ ဆိုပါတယ်။
“ဦးအောင်သန်းဝင်းရယ်။သူ့မိန်းမရယ်။သမီးရယ်ပါ။သူမိန်းမက ထွေအုပ်ဝန်ထမ်း၊သမီးက တိမွေးကုဆရာဝန်ပါ”” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့ဖြ၀်တဲ့ YDF Htilin Battalion-15 (Shwe Som Nyo)ကတော့သေဆုံး ခဲ့သူတွေဟာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး၊ထွေအုပ်ဝန်တစ်ဦးနဲ့ တခြားလူတစ်ဦး တို့ထိခိုက်သေဆုံး ခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို အကြမ်းဖက်အုပ်စုတွေအနေနဲ့ မူးယစ်သောက်စားပြီး ရမ်းသမ်းပစ်ခတ်တဲ့အခြေအနေတွေကြောင့် ထီးလင်းမြို့နေ ပြည်သူတွေအနေနဲ့အသွားအလာဂရုစိုက်နေထိုင်ကြဖို့လည်း သတိပေးထုတ် ပြန်ထားပါတယ်။