
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ အခုလအတွင်း ရုရှားနဲ့ ယူကရိန်းကို သွားရောက်ပြီး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၂ရက်နေ့မှာ ပြောပါတယ်။
ထိပ်တန်းစက်မှုနိုင်ငံအဖွဲ့ ဂျီ 20 ရဲ့ အလှည့်ကျဥက္ကဋ္ဌလည်း ဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတဟာ အဲဒီနှစ်နိုင်ငံ ခရီးစဉ်မှာ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်စစ်ဆင်နွဲမှုနဲ့ ပတ်သတ်လို့ စီးပွားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဆုံးရှုံးမှုတွေအကြောင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားဟာ အခုနှစ်မှာ ဂျီ 20 ရဲ့ အလှည့်ကျ သမ္မတရာထူးကို ရယူထားပြီး ရုရှားကို ဖယ်ထုတ်ဖို့ အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံအချို့ရဲ့ ဖိအားပေးမှုခံနေရပါတယ်။
ဂျာမနီနိုင်ငံမှာ ဇွန်လ ၂၆မှာ စတင်ကျင်းပမယ့် ဂျီ 20 ထိပ်သီးညီလာခံမှာ ဧည့်သည့်နိုင်ငံအဖြစ် တက်ရောက်ပြီးနောက် အင်ဒိုနီးရှားသမ္မတဟာ ရုရှားနဲ့ ယူကရိန်းကို သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ရုရှား – ယူကရိန်း စစ်ပွဲစကတည်းက မော်စကိုနဲ့ ကိယက်ကို သွားရောက်မယ့် ပထမဆုံး အာရှခေါင်းဆောင်တဦး အမှတ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့စားအုန်းဆီအများဆုံးထုတ်လုပ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ထွန်းသစ်စနိုင်ငံအများစုလိုပဲ စစ်ပွဲအတွက် ကြားနေသဘောထားကို ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့ပြီး လပေါင်းများစွာကြာ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ ဝီဒိုဒိုက ယူကရိန်းကို လက်နက်တွေ ပေးပို့ဖို့ ယူကရိန်းသမ္မတ ဇေလန်းစကီးရဲ့ တောင်းဆိုချက်ကို ငြင်းဆိုထားတာ ဖြစ်ပါတယ်။