တော်လှန်ရေးအသုံးစရိတ် လစဉ် ကန်ဒေါ်လာ ၁၀သန်းလိုအပ်

တော်လှန်ရေးအသုံးစရိတ်အနေနဲ့ လစဉ် အမေရိကန်ဒေါ်လာ၁၀သန်း လိုအပ်ကြောင်း သိရပါတယ်။
ဇွန်၂၁ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ သတင်းစာရှင်းလင်းပွဲမှာ Press Secretary ဦးနေဘုန်းလတ်က အဲဒီလိုပြောကြားခဲ့တာပါ။
‘ တကယ်တမ်းပြောရမယ်ဆိုရင် တော်လှန်ရေးအသုံးစရိတ်အနေနဲ့ တစ်လကို အမေရိကန်ဒေါ်လာ ၁၀သန်း ရရှိရန်လိုအပ်ပါတယ်။ ဒါကြောင့် ဒီပမာဏကို လစဉ်ပြည့်မီဖို့ အတွက်လည်း NUG အစိုးရအနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း အမျိုးသားညီညွတ်ရေး အစိုးရကို တော်လှန်ရေးတာဝန်တစ်ရပ်အနေနဲ့ အခွန်ဆောင်ကြဖို့ တိုက် တွန်းလိုပါတယ်။”လို့ သူကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ငွေတိုက်စာချုပ်ရောင်းချမှုကနေ အမေရိကန်ဒေါ်လာ ၃၈သန်းနဲ့ မင်းအောင်လှိုင်မတရားသိမ်းပိုက်ထားတဲ့ အိမ် ရောင်းချထားမှုကနေ ကန်ဒေါ်လာ ၇သန်းကျော် စုစုပေါင်း ၄၅သန်းရရှိထားပြီးအဲဒီထဲက ၉၅ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် အသုံးပြုထားတယ်လို့ သိရပါတယ်။
‘ကာကွယ်ရေးအသုံးစရိတ်လို့ ပြောတဲ့အခါ မဟာမိတ်တွေနဲ့ မျှဝေသုံးစွဲတာတွေရှိပါတယ်။ PDFတွေကို လက်နက်တပ်ဆင်တာတွေရှိပါတယ်။ နောက်ပြီး စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးတွေမှာ သုံးစွဲတာတွေလည်းရှိပါတယ်’လို့ သူကဆက်ပြောပါတယ်။
photo-အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့
ပုံစာ-အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးPDFရဲဘော်တွေ