မင်းအောင်လှိုင်မတရားသိမ်းထားတဲ့ ပြည်သူပိုင်အိမ်တစ်လုံးကို ထပ်မံလေလံတင် ရောင်းချမယ်

မကြာမီအချိန်အတွင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသိမ်းပိုက်ထားတဲ့ ပြည်သူပိုင် အိမ်တစ်လုံးကို ထပ်မံလေလံတင်ရောင်းချ သွားမယ်လို့ သိရပါတယ်။ဇွန်၂၁ရက်၊အမျိုးသားညီညွတ်ရေးအစိုးရ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတစ်ဦးကအဲဒီလိုပြောကြားခဲ့ တာပါ။
ဒါ့အပြင် ပြည်သူပိုင်မြေတွေကို မတရားသိမ်းဆည်း ရယူထားတဲ့ ရန်ကုန်မြို့အချက်အချာ ကျတဲ့ နေရာက တပ်ပိုင်မြေတချို့ကို နွေဦးတော်လှန်ရေး အထိမ်းအမှတ်ပန်းခြံ အပါအဝင် စိမ်းလန်းဧရိယာ(Green Area) တစ်ခုအဖြစ်ဆောင်ရွက်မယ့် စီမံကိန်းတစ်ခုကို စိတ်ဝင်စားမှု အဆိုပြုလွှာခေါ်ယူ သွားဖို့ ရှိတယ်လို့ လည်း သိရပါတယ်။
နွေဦးတော်လှန်ရေးမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေ၊ ကိုယ်လက်အင်္ဂါဆုံးရှုံး သွားရတဲ့သူရဲကောင်းတွေ၊ အိုးအိမ်ဆုံးရှုံးခဲ့ ရတဲ့ ပြည်သူတွေနဲ့ CDM သူရဲကောင်းတွေကို ဂုဏ်ပြုချီးမြှင့်နိုင်ဖို့နဲ့ ပြန်လည်ကုစားနိုင်ဖို့ အတွက် ပြည်တွင်း/ပြည်ပက ရင်းနှီးမြှုပ်နှံလိုသူတွေကို ကြိုတင်ဖိတ်ခေါ်ကာ Development Project တွေ အကောင်အထည်ဖော်သွားမယ်လို့လည်းသိရပါတယ်။
လက်ရှိမှာ မင်းအောင်လှိုင်မတရားသိမ်းထားတဲ့ ၁၄/အင်းလျား အိမ်နဲ့ခြံ ရှယ်ယာရောင်းချမှုမှ ကန်ဒေါ်လာ၇သန်းကျော် ရရှိထားပြီးဖြစ်ပါတယ်။