မွန်ပြည်နယ်၊သထုံမြို့နယ် KNLAတပ်ရင်း(၂)နယ်မြေ အတွင်းရှိ ဝီယော်-ထုံးဘိုလေး-ပိန္နဲတော လမ်းပိုင်းမှာ မေလ၂၈ရက်ကနေ ဒီနေ့အထိ နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။
KNLAဦးဆောင်တဲ့ မိတ်ဖက်တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ဟာ နေ့စဉ် လက်နက်ကြီးနဲ့ အချက်ပေါင်းများစွာ ရမ်းပစ်နေတာကြောင့် ကျေးရွာတွေထဲ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သုဝဏ္ဏဝတီနွေဦးတော်လှန်ရေး စာမျက်နှာက ဒီကနေ့ထုတ်ပြန်ပါတယ်။
‘ဝီယော်ကနေ ကျိုက္ကော်ဘက် အသွားအလာတွေ တော်တော်ပါးကုန်တယ်။ရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်လို့ ရွာသားတွေလည်း စစ်ရှောင်နေကြရတယ်’လို့ ကျိုက္ကော်ဒေသခံတစ်ဦးကပြောပါတယ်။
ဒေသခံစစ်ရှောင်တွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို တတ်နိုင်သလောက်ကူညီထောက်ပံ့ကြဖို့လည်း သုဝဏ္ဏဝတီနွေဦးတော်လှန်ရေး စာမျက်နှာက ပန်ကြားပါတယ်။