စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အိုင်းတောင်ကနေ ထွက်လာတဲ့ အကြမ်းဖက်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၅ ဦးလောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဇွန် ၅ ရက်နေ့၊ မနက် ၈ နာရီခွဲလောက်က အိုင်းတောင်ကနေထွက်လာတဲ့ ခန့်မှန်းအင်အား ၈၀ လောက်ပါတဲ့ အကြမ်းဖက်ခြေလျင်စစ်ကြောင်း သပြေတောရွာ မရောက်ခင်မှာ မိုင်းခင်းထားတဲ့နေရာ ရောက်လာတာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာတော်ဝင်နဂါးတပ်တော် က ဒီကနေ့ထုတ်ပြန်ပါတယ်။
အထိနာသွားတဲ့ အကြမ်းဖက်တပ်ဟာ အနီးရှိကျေးရွာတွေက ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကို ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A/ဆားလင်းကြီး) နဲ့ ဒေါင်းမျိုးဆက် PDF တော်လှန်ရေးတပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။